Unicode
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 26သူမကိုယ်ဝန်ရှိလာပြီးတဲ့နောက်ပိုင်း သူမရဲ့စားချင်စိတ်ကလည်းတိုးလာခဲ့သည်။သူမရဲ့မျက်နှာက ဖရဲသီးစေ့လောက်လေးရှိနေသေးပေမယ့် သူမခန္ဓာကိုယ်ရဲ့တစ်ခြားအစိတ်အပိုင်းတွေကတော့ တစ်ဖြည်းဖြည်းကြီးထွားလာခဲ့သည်။နောက်ဆုံးအကြိမ် စစ်လျှို့ကျင်းသူမရင်သားတွေကိုပွတ်သပ်တုန်းက သူက ကျေနပ်တဲ့အပြုံးကြီးပြခဲ့သည်။အထဲမှာရှိနေတဲ့သူမကလေးကြောင့်သာမဟုတ်ရင် သူကသေချာပေါက် သူမကိုသူ့ဗိုက်ထဲမြိုချမယ်ဆိုတာ သူ့မျက်နှာပေါ်က လောဘကြီးနေတဲ့အမူအရာကိုကြည့်ရုံနဲ့တင် သိနိုင်သည်။
"ဒါကတကယ့်ကိုမထင်မှတ်ထားတာပဲ။ဒီလင်ဝမ်က လျစ်လျှူရှုတတ်တဲ့ပုံပေါက်ပေမယ့် သူကတကယ်တော့ စွဲလမ်းစိတ်အရမ်းကြီးတဲ့ချစ်သူတစ်ယောက်ပဲ။အစတုန်းကတော့ နင်တော်ဝင်စံအိမ်တော်မှာ ကိုယ်လုပ်တော်အနေနဲ့ပဲ နစ်နာသွားမှာကိုငါစိုးရိမ်ခဲ့ပေမယ့် အခုတော့ ငါနင့်ကို တကယ်အားကျတယ်။မဆိုးပါဘူး နင်ကအမြော်အမြင်ကြီးတာကောင်းတာပဲ"
ဟွားချန်းချန်းက ပိုင်ယွီရှောင်းလက်ထဲကပန်းကန်လုံးအလွတ်ကိုယူပြီး နောက်ထပ်ပဲနီလေးစွပ်ပြုတ်ခပ်ထည့်ပေးလိုက်ကာ ပိုင်ယွီရှောင်းကိုပေးလိုက်သည်။
"ကိုယ်ဝန်ရှိတာ အရမ်းကောင်းတာပဲ"
ပိုင်ယွီရှောင်းက ကျေနပ်နေတဲ့အမူအရာနဲ့ပြောလိုက်သည်။
"ညီမကသူ့ကို ပြဿနာရှာပြီးစိတ်ကြိုက်ကျီစယ်နိုင်ပြီးတော့ သူ့ရဲ့ မခံနိုင်တော့တဲ့အမူအရာကိုကြည့်ရတယ်။ဒါပေမယ့် သူက ညီမကိုထိဖို့အရမ်းကြောက်နေတယ်လေ။ဒါက ကိုယ်ခံပညာထက်တောင်ပိုပြီးအသုံးဝင်သေးတယ်"
ဟွားချန်းချန်းကသူမကို စွေစောင်းကြည့်လိုက်သည်။
သူမရဲ့ စတုတ္ထညီမလေးက ကိုယ်ဝန်ရှိလို့ပျော်နေတာမဟုတ်ဘဲ ယောကျာ်းကိုအနိုင်ကျင့်လို့ရလို့ပျော်နေတာတဲ့လား?
သူမကခေါင်းရမ်းလိုက်ပြီးပြုံးလိုက်သည်။
"နင်ကစီဖေးတစ်ယောက်ဖြစ်နေပြီးကိုယ်ဝန်လည်းရှိနေပြီ။နင်လျှို့ဝှက်စုံစမ်းရေးအရာရှိအလုပ်ကိုစွန့်လွှတ်ပြီးတော့ စီဖေးတစ်ယောက်အနေနဲ့အပြည့်အဝအာရုံစိုက်ထားသင့်တယ်လို့ငါထင်တယ်"
YOU ARE READING
Historical Fictionကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။ ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။ ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတ...