- First Meet -

446 29 23
                                    

ညနေ ကျောင်းဆင်းချိန်။

အထက်တန်းနောက်ဆုံးနှစ် ကျောင်းသား ဂျောင်ဆောင်းချန် ကျောင်းပြင်ကို ထွက်လာခဲ့ပြီး စက်ဘီးရပ်ထားတဲ့ ပါကင်ဆီ ရောက်လာကာ သူ့စက်ဘီးကို သော့ဖြုတ် သေချာ ထုတ်ပြီး ခပ်ဖြည်းဖြည်း တွန်းရင်း ကျောင်းပေါက်ဝဆီ ထွက်လာခဲ့တယ်။

ရာသီဥတုကတော့ ဆောင်းရာသီကနေ နွေဦးကို ကူးပြောင်းနေတာမို့ အေးစိမ့်စိမ့်လေမှာ ကြည်လင်နေတဲ့ ကောင်းကင်ကြောင့် တမျိုး ခံစားလို့ ကောင်းနေစေလေရဲ့။

အပေါက်ဝ ရောက်တာနှင့် တပြိုင်နက် စက်ဘီးကို တက်ပြီး အရှိန်ပြင်းပြင်းနဲ့ တက်နင်းလာလိုက်ကာ အိမ်ကိုပဲ တည့်အောင် ပြန်လာခဲ့တော့တာ။

ဒါပေမယ့်လို့ ဂျောင်ဆောင်းချန် ဒီနေ့ ကံမကောင်းပါလို့ ပြောရမလား။ ရုတ်တရက် သူ့စက်ဘီးရှေ့ကို လမ်းဖြတ်ကူးလာတဲ့ လူတစ်ယောက်ကြောင့် ချက်ချင်း စက်ဘီးကို ဘရိတ် ဆောင့်နင်းလိုက်ရလေတယ်။

"ဟေ့လူ ! ဘေးဘီ နည်းနည်းပါးပါး ကြည့်ဗျ!"

ဆောင်းချန်ရဲ့ အော်ငေါက်သံကို တစ်ဖက်လူက ဂရုမစိုက်သလိုနဲ့ စီးကရက်ဘူး ကိုင်ထားတဲ့ လက်နဲ့ ခပ်ရှည်ရှည် အုပ်အုပ် ဆံစတွေကို ထိုးဖွ လှန်တင်ကာ မော်ကြည့်လာတော့တာ။

"အင်း ဆော်ရီး"

ခပ်တိုတိုပဲ ပြောပြီး ရှေ့ကို ဆက်လျှောက်သွားတဲ့ လူရဲ့ အလှမှာ ဆောင်းချန် မျောပါသွားတာကိုတော့ ဝန်ခံရမယ်။

ဆံပင်ရှည် ထားထားပေမယ့် ထိုဆံပင်ရှည်တွေက ထိုလူ့မျက်နှာ လှလှလေးကို အုပ်ထားဖို့ ထားထားသလို။ လှန်တင်လိုက်တဲ့အချိန် ပေါ်လာတဲ့ မျက်နှာလေးက မျက်လုံးဝိုင်းဝိုင်းမှာ နှာတံ ခပ်ရှည်ရှည် ဖြောင့်ဖြောင့်နဲ့ ဖူးမို့မို့ နှုတ်ခမ်း တစ်စုံ။ မျက်ခုံးတစ်ဖက်မှာလည်း ဇိုးဆန်ဆန် ဖြတ်ရိတ်ထားသေးတယ်။

ယောက်ျားဆန်ဆန် ဗလတောင့်တောင့် ခန္တာကိုယ်မှာ ဒီလို လှလွန်းတဲ့ မျက်နှာ ရှိတာ ဘုရားပေးတဲ့ ကုသိုလ်ကံလို့ပဲ ဆောင်းချန် တွေးကာ စက်ဘီးကို ဆက်နင်းလာဖို့ ပြင်လိုက်ပေမယ့် စက်ဘီးရှေ့မှာ ကျနေတဲ့ ပစ္စည်းလေး တစ်ခုဆီ အာရုံရောက်သွားတော့တာ။

Fall On MeWhere stories live. Discover now