- Past -

130 19 31
                                    

ပထမဆုံး တက္ကသိုလ် တက်ရတဲ့ ရက်။

ဝွန်ဘင်းအနေနဲ့ သူ အတက်ချင်ဆုံး ဖက်ရှင်ဒီဇိုင်းမေဂျာကို တက်ရတော့မှာမို့ ရင်ခုန် စိတ်လှုပ်ရှားနေမိတာ အမှန်။

ဒီလိုနေရာထိ ရောက်အောင် ကိုယ့်အားကိုယ်ကိုးခဲ့ရတာမလား။ မေမေကြီးတို့လည်း ဝွန်ဘင်းအတွက် အရမ်းကို ဂုဏ်ယူနေကြတာလေ။

ကျောင်းထဲကို ခြေစချလိုက်တာနဲ့ လူတိုင်းလိုလိုက သူ့ကို ကွက်ကြည့်၊ ကွက်ကြည့်။ သူ ဘာများ ဖြစ်နေလို့လဲ တွေးမိကာ အင်္ကျီပြင်လိုက်၊ လွယ်အိတ်ပြင်လွယ်လိုက်နဲ့။

နောက် နှစ်ရက်၊ သုံးရက်နေမှ သိလိုက်ရတာက ဝွန်ဘင်းရဲ့ အသွင်အပြင်မှာ တလောကလုံးက စိတ်ဝင်စားမှု အပြည့်ပဲ ဆိုတာ။ ဝွန်ဘင်းအနေနဲ့ ဒီလို စိတ်ဝင်စားခံရမှုကို အခုမှ စခံစားရဖူးတာ။

ဘာကြောင့်ဆို လူမှန်း သိတတ်စကနေ အထက်တန်းနောက်ဆုံးနှစ်အထိ မေမေကြီးရဲ့ ဂေဟာကျောင်းမှာပဲ နေရင်း မေမေကြီးဆီမှာပဲ ကျောင်းတက်ခဲ့ရတာမို့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူတွေနဲ့ပဲ ဆက်ဆံခဲ့ရတာကြောင့် အထူးတလည် စိတ်ဝင်စားခံရတာမျိုး မရှိဖူးခဲ့။

"မေမေကြီး သိလား။ သားလေ ကျောင်းမှာ အဲ့လိုတွေ ကြုံနေရတာ"

"မေကြီးတို့ ဝွန်ဘင်းလေးက အချောအလှလေးပါလို့ မပြောခဲ့ဖူးလား။ ဒါတွေ အားလုံးကလေ ဝွန်ဘင်းလေး ထိုက်တန်လို့ကို ရတာ"

မေမေကြီးတို့ရဲ့ အားပေးမှုတွေက ဝွန်ဘင်းအတွက် နေ့စဉ် အားဖြစ်စေတဲ့အရာ။ လူမှန်း သိတတ်စအရွယ်ထဲက ဘယ်မိဘက မွေးလာခဲ့မှန်း မသိတဲ့ ဝွန်ဘင်းကို ဂေဟာမှာ လူတလုံး၊ သူတလုံးဖြစ်အောင် စောင့်ရှောက်ထားခဲ့တဲ့ မေမေကြီးတို့ ကျေးဇူးတွေက ဝွန်ဘင်းပေါ်မှာလည်း အများကြီး ရှိနေခဲ့တာလေ။

လူတိုင်းက ဝွန်ဘင်းကို ခေါ်ချင်ကြတယ်။ ပေါင်းသင်းချင်ကြတယ်။ ဒီတက္ကသိုလ်မှာ ရှိနေတဲ့ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်တဲ့သူတွေထက်တောင် ဝွန်ဘင်းက နာမည်အကြီးဆုံးဖြစ်နေခဲ့တာလေ။

ဒီတစ်ချက်ကပဲ ဝွန်ဘင်းဘဝမှာ အဆိုးရွားဆုံး ထရောင်မာ ရစရာ ဖြစ်လာမယ် ဆိုတာကို ဝွန်ဘင်း ကြိုမသိခဲ့။

Fall On MeWhere stories live. Discover now