ထိုကိစ္စ ဖြစ်ပြီးသည့် နောက်ပိုင်း ဝွန်ဘင်း ကျောင်းမှာ ကောင်းကောင်းနေရတယ် ဆိုတဲ့ရက် တစ်ရက် မရှိ။
အားလုံးရဲ့ အမြင်မှာ သူဟာ အပြစ်သားတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်လား။ ကိစ္စကို ကြီးအောင် မလုပ်ချင်ပါဘူး ဆိုကာ ဆရာတွေဆီမှာ ကလိမ်ကျခဲ့သူသည် တကယ်တော့ ဒီကျောင်းမှာ အာဏာအရှိဆုံး ရှယ်ယာရှင်တစ်ယောက်၏ သား ဖြစ်နေခဲ့တာလေ။
ပြောရရင်တော့ လက်ဝါးချင်း ရိုက်ထားကြတာပေါ့။ သာရာစံစားကြတာမျိုးတွေ။
"အ"
ကျောင်းဆောင်တွေရဲ့ နောက်ကွယ်မှာ ဒူးထောက်နေရရင်း လူနှစ်ယောက်က တစ်ဖက်တစ်ချပ်ဆီမှာ ရပ်ကာ ရှေ့က ဂျင်းဟွာကတော့ ဝွန်ဘင်းရဲ့ ပါးကို တစ်ချက်ချင်း စိမ်ပြေနပြေ ရိုက်နေလေတယ်။
"အခုချိန်မှာ ဘယ်သူက အသာစီးရနေလဲ မင်းကောင်းကောင်းသိမှာပါ ပတ်ဝွန်ဘင်း"
"..."
"ကျောင်းကို လာရဲသေးတယ်နော် .. အင်းပေါ့လေ မင်းလာရဲတော့လည်း ငါက ပိုပျော်တာပေါ့"
အခုချိန်မှာ ဝွန်ဘင်း ဘာကြီးပဲဖြစ်နေပါစေ၊ ဘယ်သူမှ ဂရုတစိုက် အရေးတယူ မလုပ်ကြ။ ဝွန်ဘင်းက ပညာသင်ဆုတွေ အသိမ်းခံထားရတာလည်း မေမေကြီးတို့ မသိသေး။ ဝွန်ဘင်းအနေနဲ့ ပြောဖို့လည်း အားအင် ရှိမနေ။
သူ ဒီဘဝကြီးကနေ ရုန်းထွက်ချင်မိပြီ။
နှိပ်စက်မှုတွေ၊ လူမဆန်မှုတွေ။ ဒါတွေကို သူ အပြီးသတ်လိုက်ချင်ပြီ။
သည်းမခံနိုင်တော့တဲ့အဆုံးမှာ ပတ်ဝွန်ဘင်း ကျောင်းနားဖို့ ဖြစ်လာခဲ့ပြီး မေမေကြီးတို့နဲ့ပါ အဆက်အသွယ်ဖြတ်ကာ အိမ်ပါ ပြောင်းလာခဲ့ရတဲ့ အခြေအနေ။
အကုန်လုံးကို သူ စွန့်ပစ်ခဲ့တဲ့အချိန်မှာ အရာရာ ဘာမှ မရှိတော့သလို ဗလာနတ္ထိ။
ပျော်ရွှင်စရာကို ရှာတွေ့တဲ့အချိန်က သူ bass ဂစ်တာကို ပြန်ကိုင်မိတဲ့ အချိန်။ ငယ်ငယ်က မေမေကြီးတို့က ဝွန်ဘင်း စိတ်ဝင်စားပါတယ် ဆိုလို့ bass ဂစ်တာ အတန်းကို ဆရာခေါ်ကာ သင်ပေးခဲ့ဖူးသည်။
YOU ARE READING
Fall On Me
FanfictionHe fell first and he would fell harder for him. Jung Sungchan x Park Wonbin