အနုပညာတက္ကသိုလ်မှာတော့ ကျောင်းဝင်ခွင့်တွေ လက်ခံရတော့မယ့် အချိန်မို့ ကျောင်းဝင်းထဲမှာ လူတွေ တရုံးရုံး။ ကျောင်းက မေဂျာတိုင်းလိုလိုမှာ လာလေ့လာတဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်းကို ကြိုဆိုဖို့ booth လေးတွေ အစီအရီ။
'ဖက်ရှင်ဒီဇိုင်း' မေဂျာရဲ့ booth မှာတော့ တတိယနှစ် ပြန်တက်မဲ့ ဂျင်းဟွာက အာကျယ် အာကျယ်နဲ့ အခုဆို နောက်ဆုံးနှစ် ဖြစ်နေပြီ ဖြစ်တဲ့ သူ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး။
ဂျင်းဟွာက ဝွန်ဘင်းကိစ္စကို အကြောင်းပြပြီး ဝွန်ဘင်းကျောင်းနားတာနဲ့ အတူ လိုက်နားထားပေမယ့် အိမ်က ခွင့်မပြုတော့တာမို့ ဒီနှစ် ကျောင်းပြန်တက်ရတော့မဲ့ အနေအထား။
ထို့ကြောင့် ဒီနှစ် ကျောင်းပြန်တက်ဖို့အတွက် ကျောင်းမှာ လည်လည်ဝယ်ဝယ် ပြန်ဖြစ်အောင် activities တွေ ပြန်လိုက်ပါနေဖြစ်တယ်။
"မောင်လေး ။ မောင်လေး ပုံစံနဲ့ဆို အမတို့ မေဂျာမှာ အရမ်းဟော့မှာ။ ဝတ်ပုံစားပုံကလည်း မိုက်တာနော်"
"ဟုတ်တယ် ဟုတ်တယ် မောင်လေး ဖက်ရှင်ဘက်ကို စိတ်မဝင်စားဘူးလား ။ အမတို့ မေဂျာကို လျှောက်လေ"
မေဂျာက ကောင်မလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အသံတွေ ကြားနေရတာမို့ ဂျင်းဟွာ booth ထဲကနေ အပြင်ကို လှမ်းကြည့်မိတော့ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းပြီး ယောကျ်ားဆန်တဲ့ ကောင်လေးတစ်ယောက်။
ဒါ .. ဂျောင်ဆောင်းချန်မလား။
ဂျင်းဟွာလည်း ချက်ချင်း အနားလျှောက်သွားကာ စကားဝိုင်းထဲကို ဝင်ဖို့ ကြိုးစားလိုက်တယ်။
"ဟုတ်တယ်။ ဒီက ငါ့ညီက မော်ဒယ်လည်း လုပ်လို့ ရမှာ"
ဆောင်းချန်ကတော့ ဖော်ဖော်ရွှေရွှေပဲ ပြုံးပြနေလေရဲ့။
"ဟုတ်။ ကျေးဇူးပါ။ ဒါပေမဲ့ ကျွန်တော်က ဓါတ်ပုံရိုက်ရတာ ပိုဝါသနာပါတော့လေ"
"အာ! အဲ့ဒါလဲ ကောင်းတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ညီက အောင်မြင်မဲ့ပုံ"
ဂျင်းဟွာက ပြောပြောဆိုဆို ဆောင်းချန် ပခုံးကို ပုတ်လိုက်တော့ ဆောင်းချန်ကလည်း ခေါင်းတငြိမ့်ငြိမ့်။

VOUS LISEZ
Fall On Me
FanfictionHe fell first and he would fell harder for him. Jung Sungchan x Park Wonbin