"ဟျောင်း ~~ ဒီနေ့ ကျွန်တော် အိမ်လာခဲ့မယ်နော်"
ဖုန်းကိုင်လိုက်တာနဲ့ ဆောင်းချန် ပြောလိုက်တာကြောင့် ဝွန်ဘင်း ငေါက်ခနဲ ထထိုင်လိုက်မိတာ။
"မင်း စာမေးပွဲနဲ့ မအားဘူး မဟုတ်ဘူးလား"
"အွန်း ~ ဒါပေမဲ့ ဒီနေ့တော့ ဟျောင်းကို တွေ့ချင်လို့လေ။ မရဘူးလား"
"မရတာ မဟုတ်ပါဘူး"
အပြောနဲ့အတူ ဝွန်ဘင်း သူ့အခန်းကို တစ်ချက် ဝေ့ကြည့်မိတော့ ထွေထွေထူးထူး ရှုပ်ပွနေတာလည်း မဟုတ်သလို ရှင်းနေတာမျိုးလည်း မဟုတ်။
"အဲ့ဒါဆို လာခဲ့မယ်။ ဟျောင်း ကြိုက်တဲ့ ကြက်ကြော် ဝယ်ခဲ့မယ်"
ပြောပြောဆိုဆို အတန်းရှိတယ် ဆိုကာ ဖုန်းချသွားတာမို့ ဝွန်ဘင်းလည်း သက်ပြင်းတိုလေးသာ ချလိုက်ပြီး ဧည့်သည် လာရင် လူမြင်ကောင်းအောင်အတွက် အခန်းကို ခဏ ထရှင်းနေလိုက်ကာ bass ဂစ်တာကိုလည်း ဗီရိုအရှည်ထဲ ထည့်သိမ်းထားလိုက်တော့တယ်။
တော်သေးတာပေါ့။ ဒီရက်ပိုင်း ဆိုင်တွေ သွားစရာ မရှိလို့။ ဝွန်ဘင်းရဲ့ အခက်အခဲကို တီးဝိုင်းက လူတွေကို ပြောပြလိုက်တဲ့အချိန် အကုန်လုံးက နားလည်ပေးပြီး ဝွန်ဘင်းကို အနားပေးထားကြတယ်လေ။
ကျောင်းဆင်းချိန် ရောက်တာနဲ့ ဝွန်ဘင်း ထိုင်စောင့်နေမိတုန်း သိပ်မကြာလိုက်၊ အိမ်တံခါး ခေါက်သံနဲ့အတူ 'ဟျောင်း' ခေါ်သံက ဂျောင်ဆောင်းချန်မှန်း သေချာနေတာမို့ ဝွန်ဘင်း ချက်ချင်း ထဖွင့်ပေးမိတော့တာ။
"ဝင်မယ်နော်"
ကြက်ကြော်ထုပ်ကို ကိုင်ပြီး ခပ်ကုတ်ကုတ်နဲ့ ဝင်ကာ အခန်းကို စပ်စုနေတဲ့ ဆောင်းချန်ကို ဝွန်ဘင်း နောက်ကနေပဲ ကြည့်နေလိုက်တယ်။
တစ်ယောက်ခန်း ဖြစ်ပြီး ခေါင်မိုးထပ်လို ဖြစ်နေတဲ့ အခန်းမှာ ဝင်ဝင်ချင်း မီးဖိုချောင် ရှိပြီး အလယ်ခန်းမှာတော့ ဧည့်ခန်းနဲ့ အိပ်ခန်း အကာလေး ရှိိကာ နောက်တစ်ခန်းကတော့ ရေချိုးခန်း၊ အိမ်သာ။
ကုတင် ဘေးက စားပွဲပုလေးပေါ် အထုတ်တွေ တင်ကာ ဆောင်းချန်က ကြမ်းပေါ် ထိုင်ရင်း ကုတင်ကို မှီလိုက်တယ်။ ကြက်ကြော်ထုပ်ကို ဖွင့်နေတာမို့ ဝွန်ဘင်းလည်း ပန်းကန်နဲ့ ခွက်တစ်ချို့ကို ယူကာ ဆောင်းချန်ဘေး ဝင်ထိုင်လိုက်တော့တယ်။
YOU ARE READING
Fall On Me
FanfictionHe fell first and he would fell harder for him. Jung Sungchan x Park Wonbin