- Welcome -

135 19 15
                                    

"ဘာလို့ အဲ့ကျောင်းကိုမှ ရွေးရတာလဲ"

ဝွန်ဘင်းရဲ့ အသံက ဒေါသသံ ပါနေတာမို့ ဆောင်းချန် နှုတ်ခမ်း အသာကိုက်ရင်း ဘာပြန်ပြောရမယ် မသိ။

"ဟို - ကျွန်တော် လိုချင်တဲ့ မေဂျာက အဲ့ကျောင်းမှာ အကောင်းဆုံးမို့ပါ"

"ငါ မင်းကို အဲ့ကျောင်းက ဘာပဲဖြစ်နေပါစေ မကောင်းဘူးလို့ သတိပေးခဲ့တယ် မဟုတ်ဘူးလား"

ဝွန်ဘင်းအနေနဲ့ ဆောင်းချန်ကို မထိခိုက်စေချင်တာမို့ သတိထားစေချင်တာ။ အဲ့ကျောင်းက အကျင့်ပျက် ခြစားနေတဲ့ ဟာတွေကြားမှာ ဆောင်းချန်ကို ဝွန်ဘင်း စိတ်ချမနေ။

ဒါပေမဲ့လည်း ဆောင်းချန်ရဲ့ မိဘတွေတောင် ကြည်ဖြူလို့ ပေးတက်သည်မလား။ ဝွန်ဘင်းအနေနဲ့ သူ စောဒဂ တက်ရအောင်လည်း ဘာအခြေအနေမှ ဟုတ်မနေတာမို့ ဝွန်ဘင်းဘက်ကပဲ စိတ်ကို ပြန်လျော့လိုက်တော့တယ်။

"မင်းသဘောပါ .. ငါက ဒီတိုင်း အသိပေးရုံပဲ"

"ဟျောင်း။ စိတ်ဆိုးသွားတာလား"

"မဟုတ်ပါဘူး။ ပြန်တွေးကြည့်တော့လည်း ငါက ပြောပိုင်ခွင့် မရှိဘူး ထင်လို့"

ဝွန်ဘင်း အပြောမှာ ဆောင်းချန်က ချက်ချင်းဆိုသလို ဝွန်ဘင်းပါးကို ဖြတ်ခနဲ နမ်းလိုက်တာမို့ ဝွန်ဘင်းတစ်ယောက် မျက်အိမ်လေးတွေပါ ကျယ်သွားကာ ကြောင်အမ်းအမ်း။

"ဟျောင်း စိုးရိမ်တာ နားလည်ပါတယ်။ ကျွန်တော် ဘာမှ မဖြစ်စေရပါဘူး စိတ်ချ"

"ဒါပေမယ့်-"

"စိတ်မပူပါနဲ့နော်။ ကျွန်တော်က ဟျောင်းကို စောင့်ရှောက်ရဦးမှာမို့ ဘာမှ မဖြစ်အောင် နေမှာ"

ဆောင်းချန် ဆက်ပြောလိုက်တဲ့ စကားက ဝွန်ဘင်း ရင်ထဲက နှလုံးသားကို ဗြောင်းဆန်စေတယ်။ ဒီအနေအထားက ဝွန်ဘင်းအနေနဲ့ နေသားကျသင့်တာမျိုး မဟုတ်ပဲကို နေသားကျနေခဲ့တာလေ။

"အ-အင်း.."

"ရှက်နေတာလား ပါးလေးတွေ ရဲလာပြီ"

"ဘယ်-ဘယ်ကသာ"

"ကျွန်တော့်ကို စိတ်မပူပါနဲ့နော် ~ ကျွန်တော် ဂရုစိုက်ပါ့မယ်"

Fall On Meحيث تعيش القصص. اكتشف الآن