- Trust -

139 21 28
                                    

တနင်္ဂနွေ ပိတ်ရက်။

ဆောင်းချန်နဲ့ အတူတူ everland ကို ရောက်လာရတဲ့ သူကတော့ ပတ်ဝွန်ဘင်း အပြင် တခြားသူ ဟုတ်မနေခဲ့။

လူများတယ်၊ မသွားချင်ဘူးလို့ ဝွန်ဘင်း အခါခါ ငြင်းပေမယ့်လည်း ဆောင်းချန်ကတော့ တက္ကသိုလ် ဝင်ခွင့် မဖြေခင် တစ်ခါတော့ ရောက်အောင် လာချင်ပါတယ် နေ့တိုင်း မနားတမ်း ပြောနေတာမို့ မလွန်ဆန်နိုင်တော့သလို ရောက်လာရတော့တာ။

"ငါ ပြောပြီးသားနော်။ ငါ ဘာမှ မစီးနိုင်ဘူး"

"အဲ့ စီးစရာတွေ မစီးလည်း လုပ်စရာတွေ အများကြီးပါ ဟျောင်းရဲ့"

ဆောင်းချန်ကတော့ တက်ကြွသလို ပြောနေပေမယ့် ဝွန်ဘင်းကတော့ စီးစရာတွေပေါ်မှာ အော်ဟစ်နေတဲ့ လူသံတွေကြောင့် စိတ်က သက်သာမနေ။

"လာ ဒီဘက်ကို"

လူများနေတာမို့ ပြောပြောဆိုဆို ဝွန်ဘင်းလက်ကို ဆွဲကာ ဆောင်းချန်က သူ့လူကောင်နဲ့ ခေါ်သွားတာမို့ ဝွန်ဘင်းလည်း ငြင်းမနေတော့ပဲ ပါလာလိုက်တော့တာ။

"ဒီမှာ ~ စီးစရာတွေပဲ ရှိတာ မဟုတ်ပါဘူး ဟျောင်းရာ"

သစ်ကုလားအုတ်တွေ ရှိတဲ့ နေရာကို ရောက်လာကာ အစာဝယ်ရင်း ဆောင်းချန်က ပြောနေပေမယ့် ဝွန်ဘင်းကတော့ သစ်ကုလားအုတ်တွေကို ကြည့်ပြီး အံ့ဩနေတာ။

"ရော့ အစာကျွေးကြည့်"

ဆောင်းချန်က ဝွန်ဘင်းလက်ထဲ အစာခွက် ထည့်ပေးလိုက်တာနဲ့ အနားရောက်လာတဲ့ သစ်ကုလားအုတ်တွေကြောင့် ဝွန်ဘင်း တစ်ချက် ရယ်မိလေရော။

"နေကြပါဦး"

ငှက်ပျောသီးကို လက်နဲ့ ယူကာ လက်မြှောက်လိုက်တော့ ခေါင်းနှိမ့်ပြီး စားလာတဲ့ သစ်ကုလားအုတ်တွေက အနီးကပ် မြင်ရတော့ တကယ် အကြီးကြီးတွေ။

"ဒါပြီးရင် ဟိုဘက်မှာ ပန်ဒါတွေလည်း ရှိသေးတယ် သိလား ဟျောင်း"

"မင်း ငါ့ကို ကလေးမှတ်နေတာလား"

"အွန်းလေ ကလေးလေးပဲဟာ"

ဆောင်းချန်ရဲ့ မတွန့်မရွံ့ ပြန်ဖြေလာတာက ဝွန်ဘင်းအနေနဲ့ စကားတောင် ထစ်တော့မလို အခြေအနေ။

Fall On MeWhere stories live. Discover now