ဟိုနေ့က ကိစ္စ ဖြစ်ပြီးကတည်းက ထပ်ဖြစ်လာမဲ့ ကိစ္စတွေကို ဝွန်ဘင်းအနေနဲ့ စိုးရိမ်တာမို့ ရဲစခန်းကို သွားကာ stalker နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြောပြခဲ့တယ်။
ရက်က သိပ်မကြာသေးတာမို့ အမှုတစ်ခု အနေနဲ့ မဟုတ်ဘဲ စောင့်ကြည့်အနေအထား ဆိုရင်တောင် ဝွန်ဘင်းအတွက် စိတ်အေးရပြီ။
သူ့ကိုယ်သူထက် ဝင်ပါခဲ့တဲ့ ဂျောင်ဆောင်းချန်ကို ပိုစိုးရိမ်မိတာ။ ဟိုကလေးက တဇွတ်ထိုးပုံစံနဲ့ stalker က တစ်ခုခု လုပ်လိုက်မှဖြင့်။
ဒီရက်ပိုင်းတော့ ဝွန်ဘင်း ညဘက်ကို သတိထားသွားလာရတော့မယ် ဆိုပြီး စိတ်ထဲ တွေးနေမိတာ။
"ဟျောင်း ~!"
အချိန်မှန်မှန်ပါပဲ။ ဂျောင်ဆောင်းချန်က mart ရှေ့မှာ စက်ဘီးနဲ့ စောင့်နေပြန်ပြီ။
"ခဏလေး ငါ ဆေးလိပ်ဝင်ဝယ်ဦးမယ်"
"ရတယ်လေ စောင့်မယ် ဟျောင်း"
ဝွန်ဘင်း သောက်နေကျ ဆေးလိပ်ကိုပဲ ဝယ်လာခဲ့လိုက်ကာ ဘောင်းဘီအိတ်ထဲ ထိုးထည့်ပြီး ဆောင်းချန်ကို လှမ်းကြည့်တော့ သူက အပြင်က ခုံမှာ ထိုင်နေတာ ခပ်မိန့်မိန့်နဲ့။
ဘယ်သူက သူနဲ့ မုန့်ထိုင်စားပါဦးမယ် လို့ ပြောလို့လဲ။ တကယ် သူ့စိတ်ကြီးပဲ။
စိတ်ထဲကနေသာ ခပ်တိုးတိုး တွေးလိုက်ပြီး ဝွန်ဘင်းလည်း ငှက်ပျောနို့ဘူးလေး နှစ်ဘူး ဝယ်လာလိုက်ကာ ဆောင်းချန်ရှေ့မှာ ဝင်ထိုင်ပြီး တစ်ဘူးကို တိုးပေးတော့ ချက်ချင်း မျက်နှာက တောက်ပလာတာ။
"ကျေးဇူးပါ ဟျောင်း"
"မလိုပါဘူး"
Stalker လိုက်ခံရတဲ့နေ့ နောက်ပိုင်းက စပြီး ဆောင်းချန်နဲ့ ဝွန်ဘင်းက တော်တော်လေး ရင်းနှီးနေပြီ။ mart မှာတင် မဟုတ်ပဲ ပိတ်ရက်တွေဆို စားသောက်ဆိုင် သွားလိုက်၊ ပန်းခြံ၊ ကစားကွင်း လျှောက်သွားလိုက်နဲ့။
ပြောရရင် အခုမှ ဝွန်ဘင်းတစ်ယောက် ဘဝရဲ့ အရသာဆိုတာကို ပြန်သိလာရတာ။ အိမ်ထဲမှာပဲ အောင်းနေခဲ့တာ ဘယ်လောက် ကြာပြီလဲ မသိတော့သလို ရေလဲ မရေတွက်ကြည့်ချင်။

YOU ARE READING
Fall On Me
FanfictionHe fell first and he would fell harder for him. Jung Sungchan x Park Wonbin