- Effort -

176 19 24
                                    

ညနေ ကျောင်းဆင်းတာနဲ့ ထိုလူကို တွေ့ချင်စိတ်က လွှမ်းမိုးနေပြီမို့ ဂျောင်ဆောင်းချန် ခပ်သွက်သွက်ပြေးကာ စက်ဘီးထုတ်ပြီး မနေ့က လမ်းအတိုင်း ခြေသုတ်တင်လာခဲ့တယ်။

တွေ့ပါပြီ။ သူ ထင်ထားတဲ့အတိုင်းပဲ mart ထဲကနေ ဆေးလိပ်ဘူး ကိုင်ကာ ထွက်လာတဲ့ သူ။

"ဝွန်ဘင်းရှိးး"

အော်ခေါ်လိုက်ပြီး အနားရောက်မှ စက်ဘီးကို ရပ်လိုက်တော့ ဆောင်းချန်ကို မှုန်ကုပ်ကုပ်နဲ့ စိုက်ကြည့်နေတဲ့ ထိုလူသား။

"ထပ်တွေ့ပြန်ပြီနော် ဝွန်ဘင်းရှိး"

"အင်း"

ခပ်တိုတိုပဲ ဖြေပြီး လျှောက်ထွက်သွားပြန်တာမို့ ဆောင်းချန်လည်း စက်ဘီးလေးကို တွန်းကာ ဝွန်ဘင်းဘေးကနေ လိုက်ကပ်လျှောက်လာခဲ့လိုက်တယ်။

ထိုလူက တစ်လမ်းလုံး ဘာစကားတစ်ခွန်းမှ မပြောပေမယ့် သူ့အိမ် လမ်းကြားရောက်မှ ငဲ့ကြည့်လာတော့တာ။

"မင်း - အိမ်မပြန်ဘူးလား"

"ဗျာ? ကျွန်တော် ပြန်မှာလေ"

"မင်းအိမ်က ဒီလမ်းထဲမို့လား"

"ဘာလဲ ကျွန်တော် ဘယ်မှာ နေလဲ သိချင်တာလား"

ချက်ချင်း ရွှတ်နောက်နောက်ပုံစံနဲ့ တမင် နောက်လိုက်တော့ ထိုလူက ကျစ်တစ်ချက် ခပ်တိုးတိုး စုပ်သပ်ကာ လမ်းကြားထဲ ကွေ့ဝင်သွားပြန်ရော။

ဆောင်းချန်လည်း နောက်ကနေ ဆက်လိုက်လာခဲ့ပြီး ထိုလူ အိမ်ပေါ် တက်သွားတာကို လိုက်ကြည့်နေမိပြန်တာ။ ဒီလူရဲ့ တနေ့တာမှာ ဘာတွေ နေရာယူနေလဲ သူ သိချင်မိတာတော့ အမှန်။

"ဘာရပ်လုပ်နေတာလဲ မပြန်ဘူးလား"

လှေကား အကွေ့ရောက်မှ အောက်ကို ငုံ့ကြည့်ကာ ပြောလာတော့ ဆောင်းချန် သဘောတကျ ပြုံးပြလိုက်မိတယ်။

"ကျွန်တော် သိချင်တာ မသိရသ၍ မပြန်ဘူး"

ဆောင်းချန် အပြောကြောင့် ဝွန်ဘင်းက လက်တန်းမှာ လက်ထောက်လိုက်ပြီး အောက်ကိုပဲ ဆက်ငုံ့ကြည့်နေလိုက်တယ်။

"ဘာကို သိချင်တာလဲ"

"ဝွန်ဘင်းရှိးရဲ့ အသက်၊ ဘယ်ကျောင်းတက်နေတာလဲ ဘာညာပေါ့"

Fall On MeWhere stories live. Discover now