3

835 116 0
                                    

Unicode

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း

အပို​င်း ၃

စက်ရုံမှထွက်ပြီးနောက် လီယွီလန်သည် ကလေးထိန်းကျောင်းဆီသို့ လျှောက်သွားခဲ့သည်။

အရင်တုန်းကတော့ လီယွီလန်က အလုပ်သွားတဲ့အခါ မနက်ပိုင်းမှာ တပေါင်ကို ကလေးထိန်းကျောင်းကို အရင်ပို့ခဲ့ပြီး ညနေ အလုပ်ဆင်းချိန်မှာ သူ့ကို ပြန်ခေါ်ခဲ့သည်။

ယခုအခါ သူမသည် ပိုးထည်စက်ရုံက အလုပ်မှ နုတ်ထွက်ပြီးဖြစ်သောကြောင့် တပေါင်သည် ဤကလေးထိန်းကျောင်းတွင် နေရန် မလိုတော့ပေ။

လီယွီလန် ကလေးထိန်းကျောင်းမှာ မထင်မှတ်ထားသော မြင်ကွင်းမျိုး မြင်လိုက်ရသည်။

အခြားကလေးများအားလုံး လျှောပေါ်တွင် အတူတူကစားနေကြပြီး တပေါင်သာ ထောင့်တွင် တစ်ယောက်တည်း ထိုင်နေသည်။

တခါတရံ အခြားကလေးများက သူနှင့်စကားလာပြောသောအခါတွင် သူသည် ခန္ဓာကိုယ်လေးကို လှည့်၍ ကျောပေးကာ သူတို့ကို လျစ်လျူရှုသည်။

အရင်တုန်းကတော့ လီယွီလန်က သူ့ကို ဆရာမဆီက တိုက်ရိုက်လာကြိုခဲ့တာဆိုတော့ နေ့ခင်းဘက်မှာ သူမသားက ဒီလိုမျိုးဖြစ်နေမှန်း သူမ တကယ်မသိခဲ့ပေ။

မဟုတ်ဘူး အတိအကျပြောရရင် မကြာသေးမီကမှ သူသည် ဤကဲ့သို့ဖြစ်လာတာ ဖြစ်သည်။ အရင်ကတော့ တပေါင်က တခြားကလေးတွေနဲ့ ကစားတာကို သူမ မြင်ခဲ့ဖူးသည်။

ဒါ​ပေမယ့်​ ဒါက သူတို့မိသားစုကိစ္စ​ကြောင့်​ ဖြစ်​နိုင်​တယ်​ဆိုတာ သူမသိသည်…

စိတ်ထဲက ခံစားချက်တွေကို မျိုသိပ်ထားရင်း လီယွီလန်သည် တပေါင်ကို ညင်သာစွာ အော်ခေါ်လိုက်သည်။

တပေါင်သည် သူ့အမေကိုမြင်သောအခါ သူ့မျက်နှာလေးသည် ရုတ်တရက် တောက်ပလာပြီး ပြေးလာသည်။ "မေမေ၊ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။"

လီယွီလန်က သူ့ခေါင်းကို ပုတ်ပြီး "သွား မင်းပစ္စည်းတွေ သွားယူလိုက်။ ယူပြီးရင် အိမ်ပြန်ရအောင်။" 

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း [ဘာသာပြန်]Where stories live. Discover now