13

702 86 0
                                    

Unicode

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း

အပို​င်း ၁၃

ကုရှန်းနဲ့ လီယွီလန်က ဒီမှာပဲ ရှိသေးသည်။

ယခု Sမြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းသည် အချိန်တိုအတွင်း ဖြစ်လာမှာပင်။ လီယွီလန်၏ ဗိုက်သည် ကြာကြာမစောင့်နိုင်တော့ဘဲ သူမသည် အဲဒါကို ဝှက်မထားနိုင်တော့ပုံရသည်။

ကုရှန်းသည် နောက်နေ့တွင် သားဆက်ခြားစီမံရေးရုံးသို့ သွားပြီး နှုတ်ဆက်ကာ ဒဏ်ကြေးငွေ ပေးခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ဤသားဆက်ခြားစီမံကိန်း၏ အခြေအနေ သက်ရောက်မှုမှာ ဆိုးရွားသည်။

ဒီမှာနေပြီး တခြားသူတွေရဲ့ ထူးဆန်းတဲ့မျက်လုံးတွေကို လက်ခံမယ့်အစား စိတ်အေးအေးထားပြီး ကလေးမွေးဖို့ Sမြို့ကို စောစောသွားတာက ပိုကောင်းသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးက လပိုရင့်လာတဲ့အခါ ခရီးဝေးသွားရတာ ပိုခက်ခဲလာမည်။

ကုရှန်းနဲ့ လီယွီလန်တို့ နှစ်ယောက်စလုံးက အလုပ်ကထွက်ပြီးတာမို့ တစ်ဖက်မှာ အလုပ်ဌာနအတွက် စိတ်ပူစရာမလိုပေ။

ဖြေရှင်းရမယ့် အရေးကြီးဆုံးကတော့ အခုသူတို့နေတဲ့ အိမ်ဖြစ်သည်။

Sမြို့သို့သွားပြီးနောက် အချိန်တိုအတွင်း ပြန်မလာနိုင်သည့် ဖြစ်နိုင်ခြေ မြင့်မားသည်။

သူတို့ အခုနေနေတဲ့အိမ်ကို သိမ်းထားမလား သို့မဟုတ် ရောင်းလိုက်မလားဆိုတဲ့ မေးခွန်းဖြစ်သည်။

ကုရှန်းနှင့် လီယွီလန်တို့က ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် အိမ်ကို စောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် အိမ်က ရောင်းရမလွယ်သလို ငွေအများကြီးလည်း မရပေ။

အနာဂတ်မှာ သူတို့ပြန်လာရင် သူတို့မိသားစုမှာ နေစရာနေရာရှိနေမည်။

အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ချန်ထားခဲ့လို့ မရဘူး။

သူတို့နေတဲ့အိမ်က ကြီးကြီးမားမားမဟုတ်ပေမယ့် အဖိုးတန်ပစ္စည်းတွေ အများကြီးရှိသည်။ လူမရှိသောအိမ်တွင် ကျန်ခဲ့လျှင် သူခိုးလေးများသာမက မိသားစုသူခိုးများအတွက် လွယ်ကူသွားမည်ဖြစ်သည်။

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း [ဘာသာပြန်]Where stories live. Discover now