14

620 85 0
                                    

Unicode

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း

အပို​င်း ၁၄

ခရိုင်မြို့သည် သေးငယ်သော နေရာတစ်ခုဖြစ်သောကြောင့် ကုရှန်းတို့ပြောင်းရွှေ့တော့မည့် သတင်းကို လူတိုင်းမသိအောင် သဘာဝအတိုင်း ဖုံးကွယ်ထားပေမယ့် လူတိုင်းနီးပါးသိကြသည်။

အပြင်မှ အကြွေးတွေဆပ်ရန် အိမ်ကို တခြားသူတွေကိုတောင် အပေါင်ခံထားတယ်လို့ ပြောကြသည်။

အစက ကုရှန်းမိသားစုကို မနာလိုကြသူများက သက်ပြင်းချကြသည်။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ညစာစားပြီးသည့်နောက် ဤကိစ္စကို လူများက ဆွေးနွေးခဲ့ကြသည်။

အပြင်ထွက်ပြီး ငွေအများကြီးရှာတဲ့သူတွေကို မနာလိုဖြစ်ဖူးသည်... အခုတော့ ခရိုင်မြို့လေးမှာ ကပ်နေတဲ့သူတွေလောက် သူတို့က မကောင်းဘူးလို့ ထင်ရသည်။

အနည်းဆုံးတော့ သူတို့မှာ နေထိုင်စရာ အိမ်တစ်လုံးနဲ့ လစာကျန်နေသေးတာကြောင့် လူတိုင်းရဲ့ စိတ်နှလုံးဟာ ရုတ်တရက် အေးချမ်းသွားသည်။

ဒါဟာ အတက်အကျဖြစ်ပြီး ကုမိသားစုက လူတွေက ဒါကို ပုံမှန်အတိုင်ပင် သူတို့လည်း သိခဲ့ကြသည်။

ဒီလိုနဲ့ ပြောင်းရွှေ့တဲ့ ဒုတိယနေ့မှာ နောက်ဆုံးတော့ ကုမိသားစုက ကုချန်ချမ်ပဲ ရောက်လာခဲ့သည်။

ကုချမ်ချမ်သည် ခရိုင်မြို့လေးတွင် ခေတ်မှီသော မိန်းကလေးတစ်ဦးကဲ့သို့ ၀တ်ဆင်ထားပြီး သူမ၏ဆံပင်များကို လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲကာ ခေါင်းပေါ်တွင် ကလစ်တစ်ခုလည်း ပါရှိပြီး နှုတ်ခမ်းကိုလည်း အနီရောင်ခြယ်သထားသည်။

သူမ ပေါ်လာသောအခါတွင် သူမသည် သန့်ရှင်းမှုမရှိသော ခြံဝင်းလေးကို ဦးစွာ ကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ချိုသာသော အပြုံးတစ်ခုကို ပြသကာ "ဒုတိယအစ်ကို၊ ဒုတိယယောင်းမ!"

လူများကိုခေါ်ပြီးနောက် သူမသည် ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ကစားနေသော တပေါင်၏ မျက်နှာငယ်လေးကို ညှစ်ကာ အပြုံးတစ်ခုဖြင့် "အိုး၊ ငါတို့ တပေါင်ကို မြင်ခဲ့ရတာကြာပြီပဲ"

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း [ဘာသာပြန်]Where stories live. Discover now