19

453 65 0
                                    

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း

အပို​င်း ၁၉

ရထားပေါ်မှာ တစ်ညလုံး လူတိုင်းက ကောင်းကောင်း မအိပ်ကြခဲ့ရဘူး။

အိမ်ကို ခဏလောက် လေ့လာပြီးနောက် လီယွီလန်သည် အိပ်ရာပေါ်လှဲလိုက်ကာ ကုရှန်းက ရေနွေးကျိုပြီး အစားအသောက်များ ဝယ်ရန် အောက်ထပ်ရှိ စားသောက်ဆိုင်လေးသို့ သွားခဲ့သည်။

သူတို့သည် ညစာစားပြီး ရေချိုးပြီးနောက် အိပ်ရာသို့ တန်းတန်းမတ်မတ် သွားကာ အနားယူကြသည်။

လီယွီလန်သည် နေ့ခင်းဘက်ထိ တစ်ချိုးတည်း အိပ်ပျော်သွားခဲ့သည်။

သူမနိုးလာသောအခါတွင် ကုတင်ပေါ်တွင် ကုရှန်းရဲ့ အရိပ်အယောင် မတွေ့ရဘဲ တပေါင်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

လီယွီလန်၏ လှုပ်ရှားမှုသည် တပေါင်ကို နိုးသွားစေသည်။ တပေါင်သည် သူ့မျက်လုံးများကို ပွတ်သပ်ကာ မရင်းနှီးသော ပတ်ဝန်းကျင်ကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်ဆဲဖြစ်ပြီး သူ့လက်လေးများကိုဆန့်ကာ လီယွီလန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

လီယွီလန်က သူ့ကို ခဏလောက် ပွေ့ဖက်ကာ ချော့ပေးပြီးနောက် ကောင်လေးက သူ့ရဲ့ ယခင် တက်ကြွမှုကို ပြန်လည်ရရှိခဲ့သည်။

သူတို့နှစ်ယောက်သည် အခန်းထဲက ထွက်လာတော့ ကုရှန်းက အပြင်ကနေ ပြန်လာပြီး သူ့လက်ထဲမှာ ဝယ်လာတဲ့ အိုးနဲ့ ဒယ်အိုးတချို့ကို ကိုင်ထားသည်။

ဧည့်ခန်းထဲတွင် ထုပ်ပိုးထားသော ခရီးဆောင်အိတ်ကိုလည်း သေသေချာချာ အထုတ်ဖြည်ထားသည်။

"နိုးပြီလား?" သူက လှည့်ပြီး တံခါးပိတ်လိုက်ရင်း ပြောခဲ့သည်။

လီယွီလန်က ခေါင်းညိတ်ပြီး "ရှင် ဘယ်တုန်းက နိုးတာလဲ?"

"လွန်ခဲ့တဲ့ နာရီအနည်းငယ်က၊ ငါ အိပ်မပျော်ဘူးလေ" ကုရှန်းက ပြောပြီး ပစ္စည်းတွေကို ဘေးကစားပွဲပေါ် တင်လိုက်သည်။

လီယွီလန်သည် သူ့ကိုလှမ်းကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် သူနှင့်အတူ အိမ်သန့်ရှင်းရေးလုပ်ခဲ့သည်။

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း [ဘာသာပြန်]Where stories live. Discover now