11 / 12 (Uni)

1.1K 128 4
                                    

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း

အပို​င်း ၁၁

တကယ်တော့ ချမ်ဖုန်းယင်က ​​လီအိမ်တံခါးအပြင်ဘက်မှာ ရောက်တာကြာနေပြီ ဖြစ်သည်။

လွန်ခဲ့သည့် နာရီဝက်ကျော်က သူမသည် ခင်ပွန်းဖြစ်သူထံမှ သူမအလုပ်ဌာနသို့ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ သူမကို ဆူပူကြိမ်းမောင်းကာ သမီးဖြစ်သူ လီကျောင်းကျောင်းကို ဂရုစိုက်ရန် ပြောဆိုခဲ့သည်။

ချမ်ဖုန်းယင်သည် ခင်ပွန်းဖြစ်သူ၏ ပြစ်တင်ဝေဖန်မှုများမှ သင်ခန်းစာယူကာ လီကျောင်းကျောင်းသည် လီယွီလန်၏ အိမ်သို့ ပြဿနာသွားရှာမည်ကိုစိုး၍ လိုက်လာခဲ့သည်။

ထိုအချိန်တွင် သူမသည် တစ်ခုခုဖြစ်နေပြီဟု တွေးကာ အမြန်လာခဲ့သည်။

လီယွီလန်၏ အိမ်တံခါးဝသို့ ပြေးသွားပြီး ချမ်ဖုန်းယင်သည် ခဏလောက် နားထောင်နေသော်လည်း အတွင်းထဲက ဘာသံမှ မကြားရတော့ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသော်လည်း လီယွီလန်၏ စကားများကို ရုတ်တရက် ကြားလိုက်ရသည်။

ချမ်ဖုန်းယင်သည် ထိုစကားကိုကြားသောအခါ သူမ၏ ခြေလှမ်များ ရပ်တန့်သွားပြီး ဒေါသများ ပေါက်ကွဲထွက်လာသည်။

ထို‌နေရာ၌ လီယွီလန်ကစားနေတဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူကဘာလဲ?

သူမရဲ့ကျောင်းကျောင်းက သူ့ယောင်္ကျားကို ကြိုက်နေတယ်လို့ သူတကယ်ပြောခဲ့တာလား? ဤအရာက သူမ‌ရဲ့ကျောင်းကျောင်း၏ ဂုဏ်သတင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား?

ချမ်ဖုန်းယင်သည် ဒေါသတွေထွက်လာပြီး သူမသည် ချက်ချင်းဝင်လာကာ လီယွီလန်ကို ကြိမ်းမောင်းလိုက်ချင်သည်။

ဒါပေမယ့် သူမလက်ဖြင့် တံခါးကို တွန်းလိုက်ချိန်မှာတော့ သူမ အနည်းငယ် ထူးဆန်းသလို ထပ်ပြီးခံစားလိုက်ရသည်။ လီကျောင်းကျောင်းရဲ့ ငြင်းခုံသံကို ဘာလို့ မကြားခဲ့ရတာလဲ?

ချမ်ဖုန်းယင်က သူ့သမီးလေး ဘယ်လိုပုံစံလဲဆိုတာ ကောင်းကောင်းသိသည်။ သူမက တစ်စုံတစ်ယောက်ကို စိတ်မဆိုးမယ့်သူတော့ မဟုတ်ဘူး။

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း [ဘာသာပြန်]Where stories live. Discover now