25

220 56 0
                                    

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း

အပိုင်း ၂၅





တပေါင်သည် သူ့နောက်ကျန်ခဲ့‌သော မူကြိုကျောင်းကို ပြန်ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "မေမေ၊ သား နောက်ကျ ဒီမှာ ကျောင်းတက်ရမှာလား?"

တပေါင်သည် လီယွီလန်နှင့် ရွှယ်ရှန်ရှန်အကြား စကားပြောဆိုမှုကို စောစောက ပုံမှန်အတိုင်း ကြားနေခဲ့သည်။

ဒီရက်ပိုင်း သူ့အမေက သူ့အတွက် မူကြိုရှာနေတာကိုလည်း သူသိသည်

"ကောင်းပြီ မင်းဒီနေရာကို ကြိုက်လား?" လီယွီလန်က ပြုံးပြီး ပြောလိုက်သည်။

တပေါင်သည် အနည်းငယ် ရှက်သွားပုံရသော်လည်း နီမြန်းသောမျက်နှာဖြင့် ခေါင်းညိတ်သည်။ "အင်း သားကြိုက်တယ်!"

လီယွီလန်သည် သူ့ခေါင်းလေးကို ထိလိုက်ပြီး သူမ၏ ပါးစပ်ထောင့်များ ကွေးညွှတ်သွားကာ "မင်းကြိုက်တယ်ပေါ့"

တကယ်တော့ အခုလေးတင် မူကြိုမှာတုန်းက တပေါင်ရဲ့အမူအရာကို ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း သိလို့ မေးနေစရာ မလိုပါဘူး။

မူကြိုမှာ နောက်ကျနေတာမို့ သားအမိနှစ်ယောက် အိမ်ပြန်ရောက်တော့ ညနေ ခြောက်နာရီ ထိုးနေပြီ။

အခုချက်ချင်းချက်ဖို့ အရမ်းနောက်ကျနေပြီဆိုတော့ လီယွီလန်က လမ်းမှာတုန်းက ချက်ပြုတ်ပြီးသား အသီးအရွက်တချို့ကို ဝယ်ခဲ့သည်။ အိမ်ပြန်ရောက်တော့ ထမင်းချက်ဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကို ကြော်ဖို့ပဲလိုသည်။

လမ်းဖောက်လုပ်ရေး ပရောဂျက်သည် ပြီးဆုံးတော့မည် ဖြစ်ပြီး ကုရှန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အခြေခံအားဖြင့် နေခဲ့သည်။

သူအိမ်ပြန်ရောက်သောအခါ လီယွီလန်နှင့် တပေါင်သည် ပြန်ရောက်တာ မကြာသေးပင်။

စားသောက်နေစဉ်တွင် လီယွီလန်နှင့် ကုရှန်းတို့သည် မူကြိုကျောင်းအ‌ကြောင့် ပြောကြသည်။

စာရင်းသွင်း ငွေပေးချေပြီးနောက်မှ သူမသည် ကုရှန်းနှင့် မဆွေးနွေးခဲ့ကြောင်း သိလိုက်ရသည်။

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း [ဘာသာပြန်]Where stories live. Discover now