Ep - 1

533 41 7
                                    

ကမ္ဘာပေါ်မှာ ဘယ်အရာဖြစ်ဖြစ် သူများနဲ့ မတူပဲ ကွဲပြားနေပြီဆိုရင် အများ မြင်သာတဲ့နေရာမှာ မနေရဲ၊ လူလုံး ထွက်မပြရဲတာ သဘာဝပါ။

တစ်ချို့ ပတ်ဝန်းကျင်တွေဆို တကယ်ပဲ ပတ်ဝန်းကျင် ဆိုတဲ့ အမည်နာမ နဲ့ အညီ တစ်ဖက်သားကို ကဲ့ရဲ့ပြီး အားငယ်စိတ်တွေ ဖြစ်စေတတ်တယ်။

ပတ်ဝန်းကျင်ကြောင့် အရှက် ကို အသက်နဲ့ လဲ တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ ရှိပါတယ်။
အဲ့ဒါကြောင့် အခုလည်း လူသား တစ်ဖြစ်လည်း ပြောင်းလဲ နိုင်တဲ့ သမန်း ဝံပုလွေ တွေဟာ လူသူ မနီးတဲ့ တောအုပ်ထဲမှာပဲ လျို့ဝှက်စွာ နေထိုင်နေကြရတယ်။
လူသား ပြောင်းချင် ပြောင်းလို့ ရတယ်ဆိုပေမယ့် သမန်း ဝံပုလွေ တွေ ဆိုတဲ့ အတိုင်း အရိုင်းစိတ် ဗီဇ ကတော့ အကုန် မထိန်းချုပ်နိုင်ကြပါ။ သွေးမြင်ရင် သွေးဆူလွယ်ပြီး လူသား အဖြစ် ဖြစ်တည်နေရင်တောင် စိတ်ကို ထိန်းမရပဲ သမန်း ဝံပုလွေ အဖြစ် ပြောင်းသွားတတ်ကြတယ်။

ဒါပေမယ့် ဘယ်လိုပဲ ဝံပုလွေ ဖြစ်နေတယ် ဆိုဆို နှလုံးသားကတော့ နွေးထွေးစွာ လှိုက်ခုန်နေတာပဲလေ။ လူသား အဖြစ်လည်း ပြောင်းနိုင်တယ်ဆိုတော့ ပြောစရာတောင် မလိုတော့ပြီပေါ့။

လျို့ဝှက်စွာ နေထိုင်တယ်ဆိုတာ ကိုယ်ရောင် ဖျောက်နိုင်တာမျိုး မဟုတ်လေတော့ တစ်ခါ မဟုတ် တစ်ခါမှာ လူသားနဲ့ တွေ့ဆုံနိုင်တာပဲလေ။ အဲ့ဒါကြောင့် သူတို့တွေ လူသားတွေနဲ့ ဆက်ဆံဖို့၊ လူသားနဲ့ တွေ့ရင် ဘယ်လိုပြုမူတေထိုင်ရတယ် ဆိုတာတွေပါ သင်ယူထားကြတယ်။

သမန်း ဝံပုလွေ ဆိုတိုင်းလည်း အသားစိမ်းချည်း မစားကြပါ။ တစ်ချို့ အသက်ကြီးနေပြီ ဖြစ်တဲ့ ဝံပုလွေတွေဆို လူသား အဖြစ်ပဲနဲ့တောင် နေထိုင် နေကြတာမျိုး ရှိပါတယ်။

ကမ္ဘာမှာ အထူးအဆန်းတွေ ရှိပြီး သဘာဝ မတန်တာတွေ ရှိနေမှတော့ လူတွေ ကြားထဲ နေ နေရပြီး အသည်းနှလုံး လည်း ရှိတဲ့ သမန်း ဝံပုလွေ က လူသား ကို ချစ်သွားနိုင်တာဟာလည်း အဆန်း မဟုတ်တော့ဘူးပေါ့နော်။
ဒါပေမယ့် တစ်ခုပဲ ...
အဲ့ဒါကို လူသား ကရော တကယ် လက်ခံနိုင်မှာလား?

Same heart in many different ( Completed )Where stories live. Discover now