Ep - 9

99 15 2
                                    

လူဝင် လူထွက် များနေတဲ့ shopping center တစ်ခုရဲ့ ကား ပါကင်အတွင်းသို့ ကား တစ်စီး မောင်းဝင်သွားခဲ့သည်။

ကား က ပါကင်မှာ သေချာ နေရာထိုးပြီးသွားတာနဲ့ ကားပေါ်ကနေ ခပ်မိုက်မိုက် စတိုင်လ်နဲ့ အသက် ထက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် အရင်ဆင်းလာပြီး နောက်ထပ် ကား တံခါးပွင့်လာပြီး တစ်ယောက်က လူပျိုပေါက်အရွယ် ၊ တစ်ယောက်က ကလေး မျက်နှာပေါက်နဲ့ လူပျို ပုံစံဖမ်းချင်နေတဲ့ကောင်လေး နှစ်ယောက် ဆင်းလာတယ်။

' သား ရှောင်းကျန့် ...။'

' ဗျာ ...။'

' သား ဝယ်ရမယ့် ပစ္စည်းတွေက ပြန်မယ့် အချိန်ကျမှ ဝယ်လို့ ရတယ်မလား။ ဦးဦး တို့ ညနေစာ အရင် သွားစားကြမယ်။'

ရှောင်းကျန့် သူက နဂိုတည်းက ဦးဦး သွားတွေ့မယ့် အမျိုးသမီးကို မတွေ့ချင်တာကြောင့် အခု ဦးဦး ပြောလိုက်တဲ့ စကားထပ်ကြားတော့ မျက်နှာက အင်တင်တင် ပိုဖြစ်သွားခဲ့သည်။

ဒါပေမယ့် လိုက်တောင် လိုက်လာပြီးနေပြီလေ။ သူတို့ သဘောပဲပေါ့။

' ဟုတ်ကဲ့။ ရပါတယ်။' လို့ ပြန်ပြောရုံကလွှဲ ဘာတတ်နိုင်မှာလဲ။

' အိုခေ ...။ ဒါဆို လာ သွားကြမယ်။ ဝမ်ဝမ် ကရော ဘာစားချင်လဲ?'

' ကျနော့် ကို သတိရသေးတာလား?.'

ရှောင်းကျန့် ကြားလိုက်ရတဲ့ တုံးတိတိ စကားသံကြောင့် ခြေလှမ်းတွေတောင် ရပ်သွားရသည်။ ပြောလိုက်တဲ့ စကားလုံးတွေက မသိရင် ဓားသွား ကျနေတာပဲ။

လိချန် သူ့သား ပြောလာတဲ့ စကားကို မထင်ထားတာကြောင့် ပါးစပ် အဟောင်းသား ဖြစ်ရာကနေ ခေါင်းမော့ ရယ်လိုက်ရင်း ...

' အဟား ... ဝမ်ဝမ် က ပါး ကို ဘာကောက်နေပြန်ပြီလဲ?'

' ပါး မှာ နောက်ထပ် သား တစ်ယောက် ထပ်ရသလို ဖြစ်နေတော့ သား အရင်းကို မေ့နေသလားလို့လေ။'

လိချန် သားရဲ့ ခပ်ဘွင်းဘွင်း စကားကြောင့် ရှောင်းကျန့် ကို အားနာသွားခဲ့သည်။

' ဝမ်ဝမ် ရယ် ... ဘယ်လို ပြောလိုက်တာလဲ? သား ရှောင်းကျန့် ကို အားနာ စရာ။'

Same heart in many different ( Completed )Where stories live. Discover now