အခွင့်အရေး ကောင်း ပြန်ရသွားတဲ့ ဝမ်ရိပေါ် တစ်ယောက် အပြည့်အဝ မပျော်ရသေးပါ။ ဘာလို့ဆို စာမေးပွဲ ဖြေနေရလို့။ စာမေးပွဲ အတွင်းမှာ ကိုကို ကလည်း သူ့ဆီ မသွားခိုင်းဘူး။ ဝမ်ရိပေါ် ဘူ နေပါတယ်။
မနက် ကျောင်းရောက်တာနဲ့ မျက်နှာက ပုပ်သိုးနေပြီ။ ကျောင်းရောက်မှ မဟုတ်၊ အိမ်မှာကတည်းက စိတ်အလိုမကျ ဖြစ်နေခဲ့တာပင်။
' ဟျောင့် ...။'
ရိပေါ် သူ့ကို တံတောင် နဲ့ သွတ်လာတဲ့ မင်ရိ ကို မျက်နာသေနဲ့ ကြည့်လိုက်ပြီး ...
' ဘာလဲ ...။'
' မင်း ဘာဖြစ်နေတာလဲ ...။ မျက်နှာက စာ မရလို့ စိတ်ကျနေတယ် ပြောရအောင်ကလည်း မင်း က ဘာသာစုံ D မှန်းထားတာ မဟုတ်ဘူးလား။'
' ဟုတ်တယ်။ ငါ အခု မကြည်မလင် ဖြစ်နေတာကလည်း စာ မရဘူးလို့ ဘယ်သူပြောလဲ? ငါ့ကိုကို ကို မတွေ့ရလို့။'
မင်ရိ ကြောင်သွားသည်။ ဝမ်ရိပေါ် မှာ ညီအကို မှ မရှိတာ။
' ကိုကို!!!! ဘယ်က ကိုကို လဲ။'
' မင်း သိစရာ မလိုဘူး။ ပြီးတော့ ငါ့ကိုကို ကို မင်း က ကိုကို ဆိုပြီး လိုက်ခေါ်စရာ မလိုဘူး။'
ထိုစဉ် ...
' ဟေ့ ... ဘာတွေ ပြောနေကြတာလဲ။'
' လန်ဟွား ...။'
လန်ဟွား အုတ်ခုံမှာ ဝင်ထိုင်လိုက်ပြီး ...
' ရိပေါ် က ဘာဖြစ်နေတာလဲ? မျက်နှာ က အိမ်က ထမင်း မကျွေးလို့ စိတ်ကောက်နေသလိုနဲ့။'
' ဘာမှ မဖြစ်ဘူး။ ငါ အရင် ဝင်တော့မယ်။'
' ဝင် လည်း အခန်းရှေ့မှာပဲ သွားရပ်နေရမှာ။ အခန်းစောင့် ဆရာမတောင် မရောက်သေးဘူး ထင်တယ်။'
' သွားခိုင်းလိုက်။ မဟုတ်လို့ စာမေးပွဲတောင် ပြီးအောင် မဖြေပဲ အိမ်ပြန်ပြေးသွားအုံးမယ်။'
လန်ဟွား တကယ်ကြီး ထ သွားတဲ့ ရိပေါ်ကို လိုက်ကြည့်လိုက်ပြီး ...
' သူက တကယ်ကြီး ဘာဖြစ်နေတာလဲ။'
' ရည်းစား ရှိနေပြီ ထင်တယ်။'
' ဟင် !!!!.'
ရည်းစား ရှိနေပြီ ထင်တယ် ဆိုတဲ့ စကားကြောင့် လန်ဟွား ကျဲ ကို ချက်ချင်း သတိရသွားတယ်။ ရိပေါ် က သူ ကနေ တစ်ဆင့် ကျဲ နဲ့ ခင်ရဖို့ ကြိုးစားခဲ့ဖူးတယ်မလား။
YOU ARE READING
Same heart in many different ( Completed )