!!!! ဒုတ် !!!!
စားပွဲခုံ အောက် က ခြေထောက် ကို ကန် လိုက်ပေမယ့် တုတ်တုတ်တောင် မလှုပ်လာပါ။
' ဝမ်ရိပေါ် မင်း တကယ် မပြန်ဘူးလား။ သူများတောင် အလိုက်သတိ နဲ့ ပြန်သွားပြီ။'
' သူ့အတွက် နေရာ က စကတည်းကကို မရှိတာလေ။ အခုလို သူ့ နေရာ သူ သိပြီး ပြန်သွားလဲ အေးတာပဲ။'
' မင်း ကို လေးလေး နဲ့ မား က ဒီအိမ်မှာ တွေ့ရင် ဝမ်းသာကြမယ် ထင်လား။ မင်း နည်းနည်းမှ မရှက်တတ်ဘူးလား။'
' မရှက်ဘူး။ ဘာလို့ ရှက်ရမှာလဲ။'
ရှောင်းကျန့် ပြောစရာပင် မရှိတော့ပါ။ ဝမ်ရိပေါ် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။
ရှောင်းကျန့် တစ်ခုခု ကို သတိရသွားပြီး ဖုန်း သွားယူလိုက်သည်။
ရိပေါ် အခုချိန် သူ့ကို မြေကော် တဲ့ ကားနဲ့ လာကော်ရင်တောင် ထ ပြန်မှာ မဟုတ်တာကြောင့် ရှောင်းကျန့် ထ သွားတာ မြင်တာနဲ့ လက်ကို တင်းတင်းပိုက်ပြီး ခြေကို ကုပ်ထားလိုက်သည်။
ဘယ်သွားသလဲ မသိတဲ့ ရှောင်းကျန့် မျက်တောင် တခတ်စာလောက်မှာ ပြန်ရောက်လာသည်။
' ဒီမှာ ...။'
ရိပေါ် သူ့ ကို လာထောင်ပြတဲ့ ဖုန်း စခရင်ကို ကြည့်တော့ လန်မေ့ နဲ့ ပြောထားတဲ့ မက်ဆေ့ တွေ။
' ဟက် !!!!'
ရိပေါ် တစ်ချက် ရယ်လိုက်ပြီး သူ့ဖုန်းကို ထုတ်ရင်း ရှောင်းကျန့် ကို ပြန်ပြလိုက်သည်။
!!!! ဟင် !!!! လန်မေ့ က သူ့ကို ပြောထားသလိုမျိုး ဝမ်ရိပေါ် ကိုပါ မက်ဆေ့တွေ ပို့ထားတယ်။
' မဖြစ်နိုင်ဘူး။'
' ရော် !!! သက်သေနဲ့ တကွ မြင်နေရပြီကို မဖြစ်နိုင်ဘူး ဆိုတော့ မင်း ဦးနှောက် က တကယ်ရော ကောင်းရဲ့လား။'
' လန်မေ့ က အဲ့လို စိတ်များတဲ့ မိန်းကလေး မဟုတ်ပါဘူး။ မင်း တမင် တကာ သူ့ကို မြူဆွယ်တာမလား။'
' ဟုတ်တယ်။ ဒါပေမယ့် တမင် တကာ ဖြစ်ဖြစ် မတော်တဆ ဖြစ်ဖြစ် တစ်ယောက် ဆို တစ်ယောက်ပဲ ချစ်တဲ့ သူ ဆိုရင် ခုလို နောက်တစ်ယောက် နဲ့ အီမှာ မဟုတ်ဘူးလေ။ မင်း ငါ့ကိုတောင် ကျေးဇူးတင်ရမှာ။ သူ့အကြောင်း စောစော သိလိုက်ရလို့။'
YOU ARE READING
Same heart in many different ( Completed )