China Beijing ...
' ယောကျာ်း ...။'
' ဘာတုန်းကွာ ...။'
' ရှင် ကလည်း ဘာလို့ စိတ်မရှည်တဲ့ လေသံ နဲ့ ပြန်ထူးနေတာလဲ။'
အမျိုးသား ၏ စိတ်ထဲတွင်တော့ ဒီမိန်းမ ဘာတွေ စိတ်အလိုမကျ ဖြစ်ပြန်ပြီလဲ ဆိုပြီး တွေးနေပေမယ့် အပြင်ဘက်တွင်တော့ ...
' ဘာဖြစ်လို့လဲ? ဗိုက်က တစ်ခုခု ဖြစ်လို့လား? နေရတာ မကောင်းလို့လား?'
အမျိုးသမီး သူ့ဗိုက် သူ ပွတ်သပ်လိုက်ရင်း ...
' ဗိုက် က နေရတာ မကောင်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ...။'
အမျိုးသား လည်း ဒါပေမယ့် ဆိုတဲ့ စကား ကြားတာနဲ့ မျက်ခုံး တစ်ဖက် လှုပ်နှင့်နေပါတော့သည်။ သို့ပေမယ့် အခုချိန် သူ့မိန်းမ ကို စိတ်အလို လိုက်ပေးတာက အကောင်းဆုံးဆိုတာ သိထားပြီးသား ဖြစ်တာကြောင့် အခုလည်း မိန်းမ က သူ့ စကား နောက် လိုက်ပြောစေချင်လို့ တမင် စကား ချန်နေတာကို အလိုက်သိစွာ နောက်ဆက်တွဲ စကားကို မေးပေးလိုက်သည်။
' ဒါပေမယ့် ဘာဖြစ်လို့လဲ? မင့် သား က ဘာတွေ ပြောပြီး ဘာထပ်လိုချင်ပြန်ပြီ တဲ့လဲ?'
အမျိုးသမီး သူ့ ယောကျာ်း စကားကြောင့် မျက်စောင်းထိုးလိုက်ပြီး ...
' ရှင်ကလဲ...။'
' ကဲ ... ပြောမှသာ ပြောပါ။'
' အဟင်း ...။'
အဲ့ဒီတော့မှ အမျိုးသမီး ရဲ့ မျက်နှာ ပြုံးယောင်သမ်းလာရင်း သူ့ ယောကျာ်းကို ဟီး ခနဲ ရယ်ပြပြီး ...
' ဒီလိုလေ သားသား ကို ကိုယ်ဝန် စ လွယ်ပြီး လ နည်းနည်း ရင့်လာကတည်းက ကျမ ဘောလုံးပွဲ ကြည့်ရတာ ဝါသနာ ပါလာတာ ရှင် သိတယ်မလား?'
' သိတယ်လေ။ အဲ့ဒါ ဘာဖြစ်လဲ။ ကလေး က မမွေးခင်က တစ်ခုခု ကို ဝါသနာ ပါလောက်ပေမယ့် မွေးလာပြီးမှ တစ်ခြား တစ်ခုခု ကို စိတ်ဝင်စားသွားတာလဲ ဖြစ်နိုင်တာပဲ။ ဗိုက်ထဲမှာ ရှိနေတာကို အရမ်း sensitive မဖြစ်ပါနဲ့။'
' မသိဘူး။ ကျမ အခု ကမ္ဘာ့ ဖလား ပွဲကို သွားကြည့်ချင်စိတ် ဖြစ်နေတယ်။ အဲ့ဒါ ရှင် လိုက်ပို့ပေး။'
YOU ARE READING
Same heart in many different ( Completed )