အိမ် တစ်အိမ်မှာ အပူ ရှိရင် အဲ့အိမ်က လူတွေကလည်း အပူတွေ ကူးစက်တာ သဘာဝ ပဲဆိုတော့ အခုလည်း ဧည့်ခန်းမှာ ထိုင်ပြီး အကုန် ခေါင်းငိုက်စိုက်ကျနေကြတယ်။
' ဘာမှ မစဉ်းစားနဲ့တော့ သူတို့နှစ်ယောက် ကို လက်ထပ်ပေးလိုက်ကြ။'
' ဟာ ...။'
' ဝမ်ရိပေါ် ဘာမှ မ ဟာ နဲ့။ မင်း စ လို့ ဒီလို ဖြေရှင်းရခက်တဲ့ ပြဿနာ ဖြစ်လာတာ။'
ဝမ်ရွှယ်ကတော့ သူ့သား က အိမ်ထောင်သည် ကို ကြိုက်မိနေတယ်ဆိုတဲ့ ရိုက်ခတ်မှုကြီးကြောင့် ဘာမှ ဝင်မပြောချင်တော့ပါ။ စိတ်ထဲမှာ သူ့ကလေးကိုပဲ သနားနေတယ်။ ကျန့်ကျန့် က ဆွဲပြား ပိုင်ရှင် ကို စွဲလန်း လွန်းလို့ တရုတ်ကိုတောင် ရအောင် ပြောင်းလာခဲ့တာ။ အချစ်ပန်း ပွင့်လာတဲ့အချိန်ကျမှ အဲ့ပန်းက ပိုင်ရှင်ရှိပြီးသား ဖြစ်နေပြီ။ ပြီးတော့ အလိုမတူပဲ sex လုပ်ခံလိုက်ရသေးတယ်။ ပြီးတော့ ယောကျာ်းလေး အချင်းချင်း။
ဒါက တရားစွဲလို့ ရတယ်ဆိုပေမယ့် ခုံရုံးရောက်မှ ကိုယ့်ပေါင်ကို လှန်ထောင်းသလိုလည်း ဖြစ်သွားမှာ။
ဝမ်ရွှယ် သား ကို သနားလို့ ကျလာတဲ့ မျက်ရည်ကို ခိုးသုတ်လိုက်သည်။ ဒီကိစ္စကို ကောကော နဲ့ သား ရဲ့ အမေ အရင်းကို ပေးသိပြီး အရှက်ထပ်မရစေချင်ပါ။
' ယွဲ့လင် ကို ကျမ တောင်းပန်ပါတယ်။ ကျမ တို့ ဆိုဆုံးမ မှု မပြည့်ဝ လို့ သား က ဒီအသက်ရွယ်မှာ ဆိုးသွမ်းပြီး ပြန်ပြင်ဆင်လို့ မရတဲ့ အမှားကို ကျူးလွန်လိုက်တာ။
ပြီးတော့ ဝမ်ရွှယ် ကိုလည်း ထပ်ပြီး တောင်းပန်ပါတယ်။ ဝမ်ဝမ် ကို ကျန့်ကျန့် နဲ့ လက်ထပ်ပေးခြင်းနဲ့ပဲ သူ့အပြစ်သူ ပြန်ဆပ်ခိုင်းပါရစေ။'
ယွဲ့လင် သူမ ရဲ့ သား က sex လုပ်ခံရတယ်လို့ သိလိုက်ရကတည်းက မျက်ရည် တသောသော ဖြစ်နေရှာတယ်။
ကာတို ကတော့ စိတ်တိုပေမယ့် အကြောင်းရင်း သေချာ မသိတာ တစ်ကြောင်း၊ သူ့ ညီမ ဝမ်ရွှယ်တောင် ငြိမ်နေတာ မလို့ ကိုယ့်ကလေးကလည်း အပြစ်မကင်းဘူးလို့ တွေးမိတာ တစ်ကြောင်း ယွဲ့လင် ရဲ့ ဘေးမှာပဲ နေပြီး နှစ်သိမ့်ပေးနေလိုက်သည်။
YOU ARE READING
Same heart in many different ( Completed )