' ဒူ ... ဒူ ... ဒူ ...။'
' ဒူ ... ဒူ ... ဒူ ...။'
ဖုန်းမြည်တဲ့ အသံကြောင့် အိပ်ယာထက်မှာ အိပ်ပျော်နေတဲ့ ကောင်လေး တစ်ယောက် လူးလွန့်လာသည်။ ပြီးတော့ လုပ်နေကျ ပုံစံလို မျက်လုံး မဖွင့်ပဲ ဖုန်း ကို လက်နဲ့ စမ်းပြီး ရှာနေတယ်။ ကြည့်ရတာ အနှောင့်ယှက် ပေးတဲ့ ဖုန်းကို ကိုင်ပေါက်ဖို့လားပဲ။
' ဒူ ... ဒူ ... ဒူ ...။'
ကိုင်မယ့် သူ မရှိတဲ့ ဖုန်းကလည်း ခုထိ မြည်နေတုန်း။
' ဟာကွာ ...။'
ရိပေါ် မ ထ လို့ မရတော့တာကြောင့် ငုတ်တုတ် ထ ထိုင်လိုက်သည်။ မျက်လုံးတွေ ပွတ်သပ်ပြီး ဘေးကို လှည့်လိုက်တော့ ...
' ရှောင်းကျန့် !!!!.'
လူကို မြင်မှ မနေ့ည ကိစ္စရော အခု လက်ရှိ အခြေနေကိုပါ သတိရသွားသည်။ သူ အိပ်ဆေး ထည့်တာ များသွားလို့လား မသိ၊ ရှောင်းကျန့် ခုထိ တုတ်တုတ်မှ မလှုပ်လာသေးဘူး။
ထိုစဉ် ဖုန်း က ထပ်မြည်လာသည်။
' ဒူ ... ဒူ ... ဒူ ...။'
' အာ ... ဒီဖုန်း !!!! ဘယ်သူက မနက်အစောကြီး ဖုန်းကို သေလောက်အောင် ဆက်လာနေတာလဲ။'
ရိပေါ် ဟိုလှည့် ဒီလှည့် ရှာပေမယ့် ဖုန်းနဲ့ တူတာကို မတွေ့ပါ။ ကုတင်ပေါ်ကနေ ဆင်းပြီး ပတ်ရှာတော့မှ သူ့ဖုန်း မဟုတ်ပဲ၊ ရှောင်းကျန့် ရဲ့ ဖုန်း ဖြစ်နေတယ်။
အောက်မှာ ကျပြီး မှောက်နေတဲ့ ဖုန်းကို ယူကြည့်တော့ လေးလေး ဆိုပြီး မှတ်ထားတဲ့ နာမည် ကို မြင်နေရတယ်။
ရိပေါ် သူ့ဖုန်း မဟုတ်တော့ မကိုင်ချင်တာကြောင့် အသံပိတ်ပြီး အောက်မှာပဲ ပြန်ပစ်ထားလိုက်သည်။
ကုတင် ပေါ်ကို ပြန်ကြည့်တော့ ရှောင်းကျန့် က ခုထိ အိပ်ပျော်နေတုန်း။
ရိပေါ် တစ်ချက်ကြည့်ရင်း ရေမိုး ချိုး ခန္ဓာကိုယ် ကို သန့်ရှင်းရေး လုပ်ဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။
ယောကျာ်းလေးတွေ ရေချိုးရင် မကြာတတ်တာ သဘာဝ မို့ အခု ဝမ်ရိပေါ်သည်လည်း ၅ မိနစ်လောက်နဲ့ ချိုးပြီးသွားပြီ။
YOU ARE READING
Same heart in many different ( Completed )