အရမ်း မြန်တဲ့ အထဲမှာ အချိန် က ထိပ်ဆုံး ကဖြစ်လိမ့်မယ်။ အခုဆို ကလေးတွေ ကျောင်းတက်ကြတာ နှစ်ဝက်ရောက်တော့မယ်။ နှစ်ရဲ့ တစ်ဝက်မှာ စာမေးပွဲ တစ်ခါစစ်တာ ကျောင်းတိုင်းရဲ့ ထုံးစံပါပဲ။
အခုလည်း အထက်တန်းကျောင်းမှာ စာမေးပွဲ အတွက် အချိန်ဇယားတောင် ထွက်လာပြီ ဖြစ်သည်။ တစ်ချို့ စာတော်တဲ့ ကျောင်းသားတွေအတွက်ကတော့ အချိန်ဇယား ကူးကြရုံပေါ့။
ဒါပေမယ့် စာတွေ လိုက်မကြည့် ၊ ပေးတဲ့ အိမ်စာတွေ လိုက်မလုပ်တဲ့ ကျောင်းသားတွေကတော့ အခုချိန်မှာ ဂိမ်းစွဲနေတဲ့ လူတွေတောင် ဖုန်းကို လှည့်မကြည့်အားတော့ပဲ သူငယ်ချင်းတွေဆီက မှတ်စုတွေ ငှါးပြီး စာကူးနေရပြီ။
' ဟျောင့် ရိပေါ် ... မင်း ကျ အေးဆေးပါလား။'
ရိပေါ် သင်္ချာပုစ္ဆာတွေကို အကြမ်းလေ့ကျင့်ပြီး ရေးနေရာကနေ မင်ရိ ကို ခေါင်းဆတ်ပြရင်း ...
' အေးဆေး ဆို ... ငါ စစ်ဆေး တက္ကသလိုလ် အမှတ် မီကို မီရမယ်ဆိုပြီး ဆုံးဖြတ်တဲ့ နေ့ကတည်းက စာတွေ သေချာ လိုက်လုပ်လာတာလေ။ အခုဆို စာမေးပွဲ မှာ ပါမယ့် မေးခွန်းဟောင်း ၊ သစ် တွေ အကုန် repetition ပြန်ပြီးသား။'
' မင်း ပဲ မော်ဒယ် လုပ်ပြီး မင်းသား လုပ်ချင်တာဆို ... ဘာလို့ အရမ်းခက်ခဲတဲ့ စစ်ဆေး တက္ကသိုလ် ကို ရွေးရတာလဲ။ ရိုးရိုး ဆေးကျောင်းတောင် မဟုတ်ဘူး။'
' ငါက active ဖြစ်တယ်လေ။ အဲ့ဒါကြောင့် ဆေးရုံမှာပဲ နေ့တိုင်း နေပြီး အလုပ်နေတာထက် စာရင် စစ်တပ်ထဲမှာ activity လုပ်ပြီး ဆရာဝန် လုပ်ရတာက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။'
မင်ရိ $ရမ်းတွေ စကားကြီး စကားကျယ် ပြောနေတဲ့ ရိပေါ် ကြောင့် လိုက်မမီနိုင်တော့။ နဂိုတည်းက လူ က စာ မတော်ပါဘူးဆို။
ထိုစဉ် ...
!!!! ဘုတ် !!!! ဆိုတဲ့ အသံ နဲ့ အတူ ပုံနှိပ် စာအုပ်တွေ အထပ်လိုက် စားပွဲပေါ် ရောက်လာသည်။
' စာမလုပ်ကြဘူးလား။'
မင်ရိ မျက်နှာ အီးမှန်တဲ့ ရုပ်နဲ့ မော့လိုက်ပြီး ...
' လုပ် လွန်းလို့ ခေါင်းပေါ်က ဆံပင် တွေတောင် ငှက်သိုက် အမေ လာခေါ်တော့မယ်။'
YOU ARE READING
Same heart in many different ( Completed )