Ep - 8

99 14 2
                                    

စစ်ဆေး တက္ကသိုလ်တွင် ...

ရှောင်းကျန့် တစ်ယောက် ကြမ်းပြင်ကို ဖိနပ် ထိပ်နဲ့ ဟိုထိုး ဒီထိုး လုပ်နေစဉ် လက်ခုပ်သံ ကြားလိုက်သည်။

' ဖြောင်း ... ဖြောင်း ... ဖြောင်း ...။'

* ဟင် ... ပြောလို့ ပြီးသွားပြီလား။*

ရှောင်းကျန့် ဟိုကြည့် ဒီကြည့် လုပ်နေတုန်း ဦးဦး လန်ထဲန်း ဆင်းသွားတာ တွေ့လိုက်ရတာကြောင့် နောက်ကနေ ဆက်ကြည့်တော့ ...

' ဟင် ... ဝမ်ရိပေါ် ဆိုတဲ့ နာမည်နဲ့ တစ်ယောက်!!!!! သူက ကျောင်းတက်ရမှာ မတက်ပဲ ဘာလိုက်လုပ်တာလဲ?'

ရှောင်းကျန့် မကြည် ကြည့်နဲ့ ကြည့်ရင်း ပွစိ ပွစိ ပြောနေစဉ် အုပ်စု ခွဲဖို့ ပြောတဲ့ အသံ ထပ်ကြားလိုက်ရပြီး ကျောင်းသားတွေလည်း သူ့ အဖွဲ့ ကိုယ့်အဖွဲ့ ခွဲလိုက်ကြသည်။

' အိုခေ ... အုပ်စု ခွဲပြီးတာနဲ့ နည်းပြတွေ လာလိမ့်မယ်။ ပြီးရင် ကွင်းပြင် ဆီ သွားကြမယ်။'

ကျောင်းအုပ်ကြီးရဲ့ စကားဆုံးတာနဲ့ နည်းပြတွေ လာပြီး သူတို့ တာဝန် ယူရမယ့် အုပ်စု ရှေ့မှာ လာရပ်ကြသည်။

~~~~~~~

ရိပေါ် သူ့ ပါး နောက်သို့ ထပ်ကြပ်မကွာ လိုက် လိုက်သည်။

လိချန် ခေါင်းကျော မာတဲ့ သူ့သား ကို ကြည့်လိုက်ပြီး ခေါင်းရမ်းလိုက်ရင်း ...

' ဝမ်ဝမ် သား ပြောတော့ ဗိုက်အောင့်နေတာဆို ...။ ဆေးခန်း သွားမယ် ဆိုတော့လည်း မဟုတ်ဘူး။ ကား ထဲမှာပဲ စောင့် ဆိုတော့လည်း မဟုတ်ပြန်ဘူး။ သား ကျောင်းမသွားချင်လို့ ပါး ကို လိမ်ထားတာလား?.'

' မ ... မဟုတ်ပါဘူး။ ဗိုက်အောင့်တာက တကယ်။ ဒါပေမယ့် အခု မအောင့်တော့ဘူး။'

' မအောင့်လည်း ကား ထဲမှာ သွားစောင့်နေလေ။ ပါး က ဒီမှာ ကြာမှာ။ ကလေးတွေကို ကြည့်ရမှာ။'

' ဟင့်အင်း ... ကား ထဲမှာ တစ်ယောက်တည်း မစောင့်ချင်ဘူး။'

လိချန် ဘယ်လိုပြောပြော ရမှာ မဟုတ်မှန်း သိလိုက်တာကြောင့် ဘာမှ ထပ်မပြောတော့ပဲ ကလေးတွေ လေ့ကျင့်ဖို့ ထွက်သွားတဲ့ ဘက် ကို သွားလိုက်တော့သည်။

Same heart in many different ( Completed )Where stories live. Discover now