Ep - 3

166 28 8
                                    

တရုတ် နိုင်ငံ ပေကျင်းမြို့ ...

မိုးတွေ ခပ်ဖွဲဖွဲ ကျနေတဲ့ မနက်ခင်းလေးမှာ အလုပ် လုပ်စရာ မလိုတဲ့ ချမ်းသာတဲ့ လူတွေ အဖို့တော့ အိပ်ယာထဲမှာ ဇိမ် နဲ့ ပဲ ဆက်နှပ်နေမလား?

တစ်ချို့ ကော်ဖီ ကြိုက်တဲ့ သူတွေ အတွက်ကလည်း ခုလို မိုးအေးအေးမှာ ကော်ဖီ တစ်ခွက်နဲ့ အဝေးတစ်နေရာကို ငေးနေမလား? ဒါမှမဟုတ် စာအုပ်ကောင်းကောင်း တစ်အုပ်နဲ့ အဖော်လုပ်နေမလား?

ဒါပေမယ့် ချမ်းသာပြီး အလုပ် မဖြစ်မနေ သွားရမယ့် လူလည်း ရှိနေပါတယ်။

' ကိုကို !!!!.'

ကော်ဖီ တစ်ခွက်နဲ့ ပြတင်းပေါက် နားမှာ ရပ်နေတဲ့ အမျိုးသား တစ်ယောက် ကိုကို ဆိုတဲ့ ခေါ်သံကြားတာနဲ့ သောက်နေတဲ့ ကော်ဖီတောင် တန့်သွားခဲ့သည်။

ကိုကို ဆိုပြီး ခေါ်တဲ့ အမျိုးသမီး တစ်ဖက်မှာ ကလေး တစ်ယောက်ရဲ့ လက်ကို ဆွဲရင်း လာနေတယ်။

ခုန အမျိုးသား ရပ်နေတဲ့ ပြတင်းပေါက်နား ရောက်တော့မှ သူ့ယောကျာ်း ဘာလို့ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်နေတယ်ဆိုတာ နားလည်သွားတယ်။

လက်စသတ်တော့ မိုးရွာနေတာကိုး ...။

' ကိုကို့ရဲ့ ရည်းစားဟောင်းကို သတိရပြန်ပြီလား?'

သူ့မိန်းမရဲ့ ခေါ်သံကြားကတည်းက ဘာဖြစ်နေတယ်ဆိုတာ သိနေပြီးသားမို့ ခုလို စကား ထွက်လာတာကို အံ့ဩမနေတော့ပါ။ ဒီရည်းစားဟောင်း ကိစ္စက ကလေး တစ်ယောက် ရပြီးတာတောင် မပြီးနိုင်သေးပါ။

' ကိုကို့ မှာ ကလေး တစ်ယောက် ရှိနေပြီ ဆိုတာကိုလည်း သတိရအုံး ...။'

လိချန် ကလေး ရှေ့မှာ ကျောက်ရှင်း ကို ဒီထက် ပိုမပြောစေချင်တာကြောင့် နောက်ကို လှည့်လိုက်ပြီး ...

' ငါက အခု ဘာလုပ်နေလို့လဲ? သား က နားလည်တဲ့ အရွယ် ရှိနေပြီ။ သား ရှေ့မှာ အတိတ်က ကိစ္စတွေ မပြောလို့ မရဘူးလား။'

ကျောက်ရှင်း နှုတ်ခမ်းကို မဲ့ လိုက်ပြီး ...

' မပြောစေချင်ရင် ကိုကို က မပြောအောင် နေလေ။ အခုလို မိုးရွာတိုင်း ကိုကို က ဘရာဇီလ်းမှာတုန်းက အနီးနားမှာ ရှိပြီး တွေ့ဖို့ အခွင့်အရေး ဆုံးရှုံးရတဲ့ အဲ့မိန်းကလေးကို အမှတ်မရ ပြနဲ့ပေါ့။'

Same heart in many different ( Completed )Where stories live. Discover now