နောက်တစ်နေ့ ရောက်သော် ...
အိမ်မှာ အဖေ အမေ မရှိတဲ့ ဝမ်သခင်လေးကတော့ မိမိသဘောနဲ့ ကျောင်းကိုလည်း ဘယ်သူ့မှ လိုက်မပို့ခိုင်းတော့ပါ။ နဂို လူပျို လုပ်ချင်နေပြီ ဖြစ်တာမို့ ဆံပင် ကိုလည်း ဂျယ်တွေ အတောင့်လိုက် ထောင်ထားပါသေးတယ်။
အိမ်က ထွက်တာနဲ့ ဖုန်းထုတ်ပြီး သူ့သူငယ်ချင်းကို ခေါ်လိုက်သည်။
' အေး ... မင်ရိ ... ငါ ... ရိပေါ်။'
တစ်ဖက်က မင်ရိ ကလည်း ရိပေါ် ဆိုမှ ဖုန်း ကို နားကနေ ပြန်ခွါပြီး ကြည့်လိုက်တော့ တကယ်ပဲ ရိပေါ် လို့ မှတ်ထားတာ ဖြစ်နေတယ်။
' အေး ... ရိပေါ် ။ ဘယ်လိုဖြစ်လို့ ဖုန်းဆက်လာရတာလဲ? ကျောင်းမသွားဘူးလား။ ငါတောင် အခုမှ အိမ်က ထွက်လာမှာ။'
' အေး ... ကျောင်းသွားမလို့ မင်း ကို ဖုန်းခေါ်တာပဲလေ။ ဒီနေ့ ငါ ကျောင်းကို ဘတ်စ် နဲ့ သွားမှာ။ အဲ့ဒါ မင်း ပါ ငါ့ဆီ လာခဲ့။ ငါတို့ နှစ်ယောက်လုံး ဘတ်စ် နဲ့ ကျောင်းကို သွားကြမယ်။'
' အမ် ...။'
' ဘာမှ ကြောင် မနေနဲ့။ မင်း ရဲ့ အိမ်က ကားကို ငါ့ဆီ လာပို့ခိုင်းလိုက်။ ဒါပဲ ...။'
' ဟာ ...။'
မင်ရိ သူ ဘာမှ ပြန်မပြောလိုက်နိုင်ခင် ကျသွားတဲ့ ဖုန်းကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး ...
' ရိပေါ် ကတော့ လုပ်ချင်တာဆို ဇွတ်ပဲ။ သူက ဘာလို့ ဘတ်စ် နဲ့ သွားမှာလဲ? အိမ်မှာ အန်ကယ် နဲ့ အန်တီ မရှိဘူးလား။'
မင်ရိ သူသာ မသွားသေးရင် ဖုန်းခေါ်လာပြီး ထပ်အရစ်ခံရမှာ စိုးတာကြောင့် အမြန်သွားဖို့ ပြင်လိုက်သည်။
~~~~~~~~
ရှောင်းကျန့် ကတော့ အမေ အရင်း နဲ့ ပြန်တွေ့ရပြီ ဖြစ်တာမို့ ကျောင်းသွားဖို့ကို အမေ က အိမ်ထိ လာကြိုပေးခံရပြီ။
' ယွဲ့လင် တို့များ အခုကျ အရမ်းကို အားနေတာနော်။ မနက်စောစော စီးစီး ကျနော့် အိမ်ကို ရောက်နေပြီ။'
' အဟင်း ...'
ယွဲ့လင် သူမ ကို စောင်းပြောနေတဲ့ ကာတို ကို မချိပြုံး ပြုံးပြလိုက်ရင်း ...
YOU ARE READING
Same heart in many different ( Completed )