Ep - 11

106 13 6
                                    

ည ၇ နာရီ ဆိုတဲ့ အချိန်က လူကြီး မိဘတွေ မပါရင် အသက် မပြည့်သေးတဲ့ ကလေးတွေ လမ်းမပေါ် ရှိမနေသင့်တော့တဲ့ အချိန် ဖြစ်ပေမယ့် အခု အထက်တန်း ကျောင်းသားပဲ ရှိသေးတဲ့ ဝမ်ရိပေါ် ကတော့ အိမ်ကို ပြန်မရောက်သေးပါ။ အဖေ အမေ အိမ်မှာ မရှိဘူး ဆိုပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာ။

ရှောင်းကျန့် ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင်ထဲမှာ ခေါက်ဆွဲ စားနေတဲ့ ဝမ်ရိပေါ် ကို ကြည့်ရင်း ဖုန်း ဆက်ပြောလိုက်သည်။

' ဟုတ်ကဲ့ပါ ...။ ကျနော် ၈ နာရီ အိမ် အရောက်ပြန်လာပါ့မယ်။'

' .....'

' လေးလေး ကလည်း ကျနော် ရှောင် အိမ်က ကား ယူလာပါတယ်ဆို။ လာခေါ်စရာ မလိုပါဘူး။'

' .....'

' ဟုတ် ...။ ဒါပဲနော်။ ကျနော် လုပ်စရာ ရှိလို့။'

ရှောင်းကျန့် အခု သူ တာဝန် ယူထားတဲ့ ကိစ္စဖြစ်တာကြောင့် စ ထားပြီးမှတော့ အဆုံးထိ ပို့ပေးလိုက်မယ်လို့ ဆုံးဖြတ်လိုက်သည်။ ကုသိုလ် လုပ်တယ်လို့ပဲ သဘောထားပေါ့။

!!! တင်း တင် !!!

ဆိုင်ထဲ ဝင်တာနဲ့ အသံမြည်တဲ့ တံခါးကြောင့် ခေါက်ဆွဲပြုတ် ငုံ့စားနေတဲ့ ဝမ်ရိပေါ်လည်း ခေါင်းမော့ကြည့်လာသည်။

ရှောင်းကျန့် ခေါက်ဆွဲဗူး သေးသေးလေးကို ခုထိ စားလို့ မကုန်နိုင်သေးတဲ့ ဝမ်ရိပေါ် ရဲ့ အနားကို သွားလိုက်ပြီး လက်ပိုက်လျက် ရပ်ရင်း ကြည့်မရစွာ ပြောလိုက်သည်။

' မင်း ဒီနေ့ စားလို့ ပြီးအုံးမှာလား။ မင်း အိမ်မှာ ဆူမယ့် လူ မရှိပေမယ့် အခု ငါ့လေးလေး က ငါ့ကို ဘာလို့ ခုထိ အိမ်မပြန်လာသေးတာလဲ ဆိုပြီး ဖုန်းဆက် မေးနေပြီ။'

ရိပေါ် သူ စားနေတာက ခေါက်ဆွဲအစပ် ဖြစ်တာကြောင့် ဘယ်လိုမှ မြန်မြန် မစားနိုင်ပါ။ စ စ စားတုန်းက မစပ်သလို ထင်ရပေမယ့် ထပ်စားလေ ပိုစပ်လာလေ ဖြစ်တာကြောင့် အခုဆို တစ်မျှင်ချင်းလောက်ပဲ စားနိုင်တော့တာ ဖြစ်လို့ မပြီးရသေးတာ ဖြစ်သည်။

' ဘာလို့ စားလို့ မပြီးသေးတာလည်း သိချင်ရင် မင်း လာ စားကြည့်ပါလား။'

Same heart in many different ( Completed )Where stories live. Discover now