part_1

1.9K 77 7
                                    

အပိုင်း-၁

....

"ညီမလေး.... မေမေ့..."

ငါးနှစ်သားအရွယ် ‌ဆွန်းချောလေးက ပါးနှစ်ဖက်မှာ မြေမှုန့်အလိမ်းလိမ်းပေကြံလျှက်ရှိနေပြီး ရင်ခေါင်းမှာသံချောင်းစိုက်၀င်နေတဲ့မေမေနှင့်ညီမလေးကို အာခေါင်ခြစ်ကာအော်ခေါ်နေခဲ့သည်။

"ဆွန်းချောရား.."

"ဖေဖေ ညီမလေးကို ခေါ်ပေး..မေမေ့!.."

ဆောက်လုပ်ရေးမတော်တဆမှုကြောင့် ပြိုကျပျက်စီးမှုများက မျက်စိရှေ့တွင် ထိပ်လန့်ဖွယ်ရာရှိသည်။ မေမေနဲ့ ညီမလေးအပါအ၀င် လူတစ်စုမှာ အုတ်ချပ်များ ပိနေခဲ့ပြီး ဖေဖေက ငိုယိုနေတဲ့သူ့ကို ပုခုံးပေါ်ထမ်းခေါ်ကာ ‌လွင့်စင်လာတဲ့အကျိုးအပျက်တွေကြား ပြေးလွှားနေခဲ့ရ၏။

......

အဒေါ်ဖြစ်သူအိမ်သို့ရောက်လာတဲ့ ကလေးငယ်သည် တိတ်ဆိတ်လျှက် ၊ မျက်ရည်ဉတွေတွဲခိုနေသော မျက်လုံးလေးအား ပေကလက်ပေကလက်လုပ်နေသည်။

"သား... ဆွန်းချောလေး.."

ကလေးငယ်သည် ပြန်မဖြေခဲ့၊ ဘေးကအဖေဖြစ်သူအနောက်သို့ ပုန်း၀င်သွားလေရာ အဒေါ်ဖြစ်သူက စိတ်မကောင်းစွာ သက်ပြင်းညှင်ညှင်ချ၍ ငို‌ေလသည်။

"ငါစိတ်မကောင်းလိုက်တာ အစ်ကိုရယ်...။ ယောင်းမနဲ့ အငယ်မလေးကရော..."

"သူတို့..သူတို့ဆုံးသွားပြီ ဆူမင်း"

"ဘုရားရေ..အမလေး ငါ့ယောင်းမလေး..အဖြစ်ဆိုးလိုက်တာ ဘိုးဘွားတို့ရယ် ။ ဒီမိသားစုလေးကိုမှ ဖြစ်ရတယ်လို့!"

ဒေါ်ဆူမင်းသည် ရင်ကိုထု၍ နှမြောတသသ ခံပြင်းငိုယိုတော့ အစ်ကိုဖြစ်သူအနောက်မှာ ကပ်နေသော ကလေးငယ်သည် သူမအား ထူးဆန်းစွာ ကြည့်နေခဲ့သည်။
ထိုအခါ ယွန်းမျိုးရိုးဖြစ်သော သူမ၏ယောက်ျားမှ သူမအား ချော့မြူထိန်းချုပ်လိုက်ကာ..

"ဆူမင်း!.. ကလေးကြည့်နေပြီလေကွာ.. မင်းစိတ်ကို‌ေလျာ့မှပေါ့"

"ကျွန်မမလျော့နိုင်ဘူး အကိုရယ် ကျွန်မရင်ကွဲလိုက်ရသလိုပါပဲ။ အမလေး..အီးဟီး.."

Lean on meWhere stories live. Discover now