part_20(ending)

685 60 9
                                    

အပိုင်း_၂၀(ဇာတ်သိမ်းပိုင်း)

.....

ကျောင်းကို အဝေးသင်ပြောင်းလိုက်ပြီး ဆွန်းချော စီးပွားရေးတစ်ခု ‌စတင်ခဲ့သည်။ ထိုသည်က ကိုကိုပြန်နိုးလာရင် ရင်ခုန်သွားလောက်စေမယ့်အလုပ်တစ်ခု။

"အယ်ဒီတာချုပ်ကို ခေါ်လိုက် အစည်းဝေးကို နောက်ငါးမိနစ်အတွင်းစမယ်"

ကုမ္ပဏီထဲ၀င်လာတာနဲ့ ပြောလိုက်တဲ့ ထိုစကားကြောင့် ၀န်ထမ်းများ အပြေးအလွှားဖြစ်ကုန်သည်။
ချွဲဆွန်းချော...သူဟာ စာပေတိုက်တစ်ခုကို သတင်းမီဒီယာနဲ့တွဲဖက်ပြီး လိုင်စင်ရ စာပေထုတ်လုပ်ရေးတစ်ခုကို ဦးစီးနေသော တောင်ကိုးရီးယားရဲ့ အသက်အငယ်ဆုံး စီအီးအိုတစ်ယောက်ဖြစ်သည်။

ပြောင်လက်နေသော ရှူးဖိနပ်နဲ့ ကုမ္ပဏီထဲခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာမှ အပြုံး‌တို့ဟာ ပျောက်ကွယ်၍ တည်တန်း‌ထားသော မျက်ခုံးတို့က ဩဇာခညောင်းနေလေ၏။ စေ့တင်းထားသော နှုတ်ခမ်းတစ်စုံက လိုအပ်မှ ဖွင့်ဟလေ့ရှိပြီး တော်ရုံဆို သူတစ်ချက်ကြည့်ရုံနဲ့ ပြာယာခတ်ကုန်ကြသည်။  ထိုသည်ကား သူ၏ genderကြောင့်ပင်မဟုတ်၊ အလုပ်လုပ်ရာတွင် အကွက်စေ့တိကျမှုနှင့် အတွေးအမြင်ကျယ်ပြန့်မှုတို့ကြောင့် ရရှိထားတဲ့ အောင်မြင်မှုဂုဏ်သတင်းကလည်း စီးပွားရေးလောကထဲ ၀င်လာတာ တစ်နှစ်မပြည့်သေးတဲ့သူ့အတွက် ထိုက်တန်ခြင်းပင်။

....

ကုမ္ပဏီမှာ ဘယ်လောက်အခြွေအရံများများ အိမ်ပြန်ရောက်ရင်တော့ သူဟာ သာမာန်ကျောင်းသား ချွဲဆွန်းချောပေ။

"shit!... ဒီဖုန်းကတစ်မျိုး"

မကိုင်မချင်းအော်မြည်နေတဲ့ဖုန်းကြောင့် စိတ်ရှုပ်ရှုပ်နဲ့ကောက်ကိုင်လိုက်ကာ ဦးဆုံး‌ဆဲရေးလိုက်သည်။

"ချီးလား စာလုပ်နေတယ် ဒီချိန်ဖုန်းမခေါ်ပါနဲ့ဆို"

"သိတယ် အပြင်ခဏထွက်ခဲ့"

ဂျွန်ဟွီးပြောတော့ သူလည်း မျက်ခုံးနက်နက်တွေ ပိတ်ကျုတ်ရင်း အောက်ဆင်းလာလိုက်သည်။ အောက်ရောက်တော့ ကိတ်တစ်လုံး‌ေပါ်ဖယောင်းတိုင်ထွန်းရင်း သူ့အားစောင့်ကြိုနေကြသည့် မိသားစု၀င်များက ဂုဏ်ပြုသီချင်းဆိုပေးကြလေ၏။

Lean on meWhere stories live. Discover now