part_15

518 51 3
                                    

အပိုင်း_၁၅

......

"မတွေ့ရတာကြာပြီနော်ဟန်နီ"

"အာ ကျွန်တော့ကို ဂျောင်ဟန်လို့ပဲခေါ်ပါ"

"ကိုယ်ခေါ်ချင်လို့ပါ အနှောက်အယှက်မဖြစ်ဘူးမလား"

"ထားပါတော့။ ဆရာဒီထိ လိုက်လာတာ ကျွန်တော် နည်းနည်း..."

"ရင်ခုန်သွားလို့လား.."

"ဗျာ..ဗျာ..."

ဂျောင်ဟန်တစ်ယောက် အရှေ့ကလူပြောလိုက်တဲ့စကားကြောင့် ပါးနှစ်ဖက်ကရဲတက်သွားပြီး အရှက်ပြေ စားပွဲပေါ်က‌ ရေခွက်ကိုပဲ တတိတိမော့သောက်‌ေနမိသည်။

"ရုတ်တရက် ထွက်စာတင်သွားတယ်ဆိုတော့ ကိုယ်အရမ်းလန့်သွားတာ။ ဟန်နီ့အိမ်ကိုလိုက်ကြည့်တော့လည်း လူကြီးတွေနဲ့ပဲတွေ့ခဲ့ပြီး ဟန်နီဘယ်သွားလဲဆိုတာ သူတို့မသိဘူးပဲ ငြင်းနေတော့ ကိုယ့်မှာ နောက်ထပ်မတွေ့ရတော့ဘူးထင်လို့ ငိုမိတော့မလိုပဲ"

"အာ... အဲ့တာက အကြောင်းလေးရှိလို့ပါ"

"အင်းပါ ကိုယ်မမေးတော့ပါဘူး။ ကိုယ့်ကို ဒီလိုပဲဖြစ်ဖြစ် အဆက်သွယ်လုပ်ပေးလို့မှ ကျေးဇူးတင်ပါတယ်။ "

"မဟုတ်တာ ကျွန်တော်က mailတွေ ပုံမှန်၀င်စစ်နေကြမလို့ပါ"

"ထားပါတော့ အဲ့တာတွေ။ အခု ဘာစားမလဲ မှာရအောင်လေ  ကိုယ်ကတော့ ဘာဖြစ်ဖြစ်ရတယ် ဟန်နီဘေးမှာရှိနေရင် တော်ပြီ"

"အာ...ဟို...."

သူ့စကားကြောင့် ခေါင်းမဖော်လာတော့တဲ့ ဂျောင်ဟန်နီးဟာ ဂူချန်းဆောအတွက် အရုပ်လေးတစ်ခုလို အိတ်ကပ်ထဲထည့်ထားချင်စရာဖြစ်နေသည်။ ပေါ့ပေါ့ပါးပါး၀တ်ထားတဲ့ ဂျောင်ဟန့်ရဲ့ လည်ပိတ်လက်ရှည်ပါးပါးလေးဟာ အောက်ငုံ့လိုက်တိုင်း လှစ်ဟာ‌ပြီး လည်တိုင်ကျော့ကျော့လေးနဲ့ ညှပ်ရိုးလှလှလေးကို တွေ့မြင်နေရသည်။ ဆံပင်တွေညှပ်လိုက်လို့ မျက်နှာသေးသေးလေးက ပိုပေါ်နေပြီး ဖြူဖွေးတဲ့အသားအရည်လေးက ထိကြည့်ရင် ဘယ်လောက်များနူးညံ့နေမလဲ မတွေးတက်ပါ။

"ဟို...ကျွန်တော့်ကို အဲ့လောက် စိုက်..စိုက်မကြည့်ပါနဲ့လား။ ကျွန်တော် မနေတတ်တော့ဘူး"

Lean on meWhere stories live. Discover now