part_12

484 61 14
                                    

အပိုင်း_၁၂

...

ဆွန်းချော သတိလစ်နေတဲ့ကိုကို့ကို အနီးစပ်ဆုံးသူ့အခန်းမှာ ထားထားပြီး တီတီတို့နဲ့အတူ ကိစ္စတစ်ခုကို အလေးအနက်တိုင်ပင်ရတော့သည်။

"ဘဘ..။ တီတီ... သားပြောတာ နားထောင်ပေးပါ။ သားကိုကို့ကို ဒီမြို့ကနေ ခေါ်ထုတ်သွားချင်တယ် "

သူ့စကားကြောင့် ဘဘတို့က သက်ပြင်းချပြီး အတွေးလွန်သွားကြလေသည်။ လူကြီးတွေလည်း မျက်နှာမကောင်းသလို ဆွန်းချောလည်း ရင်မှာစုထားရတာများပြီမို့ မအောင့်နိုင်ပဲ မျက်ရည်ကျမိတော့ ခေါင်းကို အသာ ‌ငုံ့ချလိုက်ရသည်။

"အင်း... ဘဘလည်း အတွေးတူတယ်၊ မင်းကို အားကိုးပါတယ် ဒယ်ဂူ။ မင်းအစ်ကိုကို စောင့်ရှောက်ပေးပါဦး"

ဘဘစကားကြောင့် ဆွန်းချော ခေါင်းပြန်ထောင်လာတော့ တီတီကလည်း ဝဲနေတဲ့မျက်ရည်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း ပြောလာသည်။

"အဝေးကြီးတော့ ခေါ်မသွားပါနဲ့ကွယ်။ တီတီ့မှာ သားတို့နှစ်ယောက်လုံး မရှိတော့ရင် ဘယ်လိုနေရမလဲ"

တီတီက ပြောရင်း ငိုချတော့ ဆွန်းချော စိတ်မကောင်းနိုင်ပါ။ တီတီ့ကိုပြေးဖက်ပြီး သူလည်း တရှုံ့ရှုံ့ငိုမိတော့သည်။

"ကိုကို့ကို ဒယ်ဂူခေါ်သွားမယ် တီတီငယ်။ တီတီငယ်တို့ပါ တစ်ခါတည်း လိုက်ခဲ့ပါနော်။ သားလည်း တီတီငယ်တို့နဲ့ ခွဲပြီးမနေနိုင်ဘူး"

"ဒါပေမယ့် ..."

တီတီနဲ့ဘဘက ပင်စင်ယူဖို့ ဘယ်နှနှစ်မှမလိုတော့တာမို့ ဆွန်းချောကိုသာ သွားနှင့်ခိုင်းသည်။ ဒယ်ဂူမှာ ဆွန်းချောမိဘတွေချန်ထားခဲ့တဲ့ အိမ်နဲ့ခြံရှိကြောင်း၊ ‌လိုအပ်ရင် ထုတ်သုံးဖို့ ဘဏ်ကဒ်နဲ့ အခြားသော အသုံးဆောင်တွေကို ထုတ်လာပေးသည်။

"ဂျောင်ဟန်နိုးလာရင် တီတီပြောလိုက်မယ် သားက အထုတ်တွေသွားသိမ်းလိုက်တော့"

"ဟုတ်ကဲ့တီတီငယ်။ ဘဘ ကိုကိုအလုပ်ပြောင်းဖို့ကရော..."

"အဲ့တာက ငါကြည့်လုပ်လိုက်ပါ့မယ်။ ဘယ်လောက်ကြာမလဲတော့မသိပေမယ့် အလုပ်ပြန်မရခင်စပ်ကြားတော့ ဘဘတို့ပို့ပေးတာနဲ့ ချွေတာစားကြပေါ့"

Lean on meWhere stories live. Discover now