part_16

485 59 10
                                    

အပိုင်း_၁၆

......

ဂျောင်ဟန်တစ်ယောက် စိတ်ရှုပ်နေတာမို့ အာရုံပြောင်းအောင် အခန်းသန့်ရှင်းရေးလုပ်နေသည်။ ပစ္စည်းတွေကို ထောင့်မှာကပ်ပြီး ကြမ်းတိုက်တံနဲ့ တစ်ခန်းလုံးနှံ့အောင်သန့်စင်ပြီး အတော်လည်း မောနေပြီဖြစ်၏။ သို့သော် မနေ့ကမှ have sex ဖြစ်ခဲ့တာကို ဒီနေ့ ထင်သလောက်ပင်ပန်းနေတာမျိုးမရှိတော့ အနည်းငယ်ကျေနပ်သွားသည်။ သူမှတ်မိတာသာမမှားဘူးဆို ဆွန်းချောဟာ သူ့အပေါ်အင်မတန်မှ ငြင်သာခဲ့သည်မှာ အမှန်ပေ။ နာနေတဲ့နေရာမရှိသလို ပုံမှန် heatကာလကထွက်တာထက်ပင် သက်သောင့်သက်သာ ရှိနေသေးသည်။ ဒီလိုဆိုရင်တောင် သူ ဆွန်းချောကို ကျေးဇူးတင်မိမှာမဟုတ်၊ ညီအစ်ကိုလိုသံယောဇဉ်ကို နေ့ချင်းညချင်း ပျက်စီးခံလိုက်ရတာမို့ သူ့မှာလည်း ဖိအားအချို့က ရှိလာလေသည်။

ထို့‌ေနာက်စိတ်ရှုပ်စရာအတွေး‌ေတွကိုရပ်ပြီး အခန်းထဲက သန့်ရှင်းရေးကိရီယာတွေကို အောက်ပြန်ထားဖို့ အခန်းထဲကထွက်လိုက်သည်။ ထိုအခါ ‌ဆွန်းချောအခန်းထဲကထွက်လာတဲ့ ဂျွန်ဟွီးကိုတွေ့ပြီး ဂျောင်ဟန် ကိုယ့်ဟာကိုယ် လိပ်ပြာမလုံဖြစ်သွားမိ၏။

ဂျွန်ဟွီးကတော့ သူ့ကို ကြည့်တယ်ဆိုရုံသာ ကြည့်ပြီး အောက်ပြန်ဆင်းသွားသည်။ အောက်ရောက်တော့ ဂျီဆူးကလည်း အောက်ထပ်ကို သန့်ရှင်းရေးလုပ်နေလို့ အေပရွန်တွေလက်အိတ်တွေနဲ့ ဂျွန်ဟွီးအား မေးလိုက်၏။

"ဟိုကောင် ဘာဖြစ်တာလဲ"

"နည်းနည်းဖျားနေတာ ငါဆေးသွား၀ယ်လိုက်ဦးမယ်"

"အေးအေး လိုအပ်ရင် ဆရာ၀န်တစ်ခါတည်းခေါ်လိုက်ပါ့လား"

"ရတယ် ။ငါသွားပြီနော် "

ဂျွန်ဟွီးထွက်သွားပြီးတော့ ဂျောင်ဟန် ခြံထံမှာ ကြမ်းတိုက်၀တ်တွေလှမ်းနေရင်း ကြည့်လိုက်မိသည်။

"သူက ဖျားရတယ် ရှိသေး"

နှုတ်က တိုးတိုးတိတ်တိတိရေရွတ်ပြီးတော့ ခြေလက်သန့်စင်ဖို့ ကိုယ့်အခန်းကိုယ်ပဲ ပြန်လာလိုက်တော့သည်။ ရေချိုးဖို့ အ၀တ်ချွတ်လိုက်တော့မှ ပေါ်လာတဲ့ ရင်ညွန့်က အနီကွက်ကိုကြည့်ပြီး မျက်ခုံးကျုံ့ကာ စုပ်တစ်ချက်သပ်မိသည်။

Lean on meWhere stories live. Discover now