အပိုင်း_၁၁
.....
"ကိုကို...မီယားနဲ...ကျွန်တော့ကို တံခါးဖွင့်ပေးပါ"
ဂျောင်ဟန့်အခန်းတံခါးကို ပုခုံးနဲ့မှီပြီး နှုတ်ခမ်းလေးစူကာ တောင်းပန်နေသော ဆွန်းချောကို တီတီက အမြင်ကပ်ကပ်နဲ့ ဇက်ပိုးကို ဖြန်းကနဲအုပ်သွားသည်။
"မကြီးမငယ်နဲ့ ဂိမ်းဆိုင်သွားပြီး ဒီလိုတွေဖြစ်လာစရလား ။ မင်းတို့ဘယ်ချိန်မှ ငါစိတ်ချလက်ချထားနိုင်မှာလဲ ဟမ်..."
"တီတီငယ်ကလည်း သားပဲပြောနေတာ။ အဲ့တာ ဟိုမိမဆုံးမဖမဆုံးမနှစ်ကောင်ကြောင့်လေ။ သားတို့က ကိုယ့်ဟာကိုယ် နေတာကို သူတို့အရင် ကိုကို့ကို လာနှောက်ယှက်တာဗျ"
"အဲ့တော့ မင်းလုပ်တာရော ကောင်းသလား။ ဟိုမှာ ပြန်ရောက်ရောက်ချင်း ခယိုခရဲ့ဖြစ်လာတော့ ငါ့မှာ ရင်ကိုထိပ်သွားတာပဲ"
"အခု ဘာမှမဖြစ်တော့ဘူးပဲကို...ဟွန့်"
တီတီဆိုသည်မှာလဲ သူ့ပဲလာဆူနေတာ၊ ဒီမှာ ကိုကိုက စိတ်ဆိုးသွားလို့မှ မနည်းချော့နေရပါတယ်ဆို။
"ကိုကိုလို့... တံခါးမဖွင့်ရင် ကျွန်တော် သော့ဖျက်၀င်လာမှာနော်"
သူကလည်းမှားသေး မချော့တဲ့အပြင်ခြိမ်းခြောက်နေပြန်တော့ ဂျောင်ဟန် သက်ပြင်းရှည်ချကာ တံခါးထဖွင့်ပေးလိုက်ရသည်။
"ဘယ်လိုဖြစ်နေတာလဲ စာရေးနေတာ ကောင်းကောင်းမရေးရဘူး ။ မင်းတအားနားညီးတာပဲ"
"ပြောမှမပြောပဲ။ အစတည်းကကိုကိုစာရေးနေလို့ဆို ပြီးရောကို"
"အေး ငါစာရေးနေတယ်။ ရပြီလား သွားတော့"
"ဟာကိုကို.."
အခန်းတံခါးကို ပြန်ပိတ်မယ်လုပ်တော့ ခြေထောက်ခံပြီး လူကို ဆွဲလားရမ်းလားလုပ်နေတဲ့ ဒယ်ဂူသားရယ်ပါ။ ဂျောင်ဟန့်မှာတော့ အာရုံနောက်လွန်းလို့ ဘာမှကို မစဉ်းစားနိုင်တော့သည်ပေ။
"ကဲ တော်တော်..တော်ပြီလို့ ဆွန်းချော..။ ဒီလောက်ပဲလှုပ် ငါခေါင်းမူးလာပြီ"
"အဲ့တာဆို စိတ်မဆိုးဘူးလို့ပြော"
"မင်းကို ဘယ်သူကစိတ်ဆိုးတယ်ပြောနေလို့လဲ"
YOU ARE READING
Lean on me
Fanfictionomegaverse (smut) myanmar ff jeongcheol coupsjeong start date_ 3/6/2024 end date _13/6/2024