အပိုင်း_၁၉
.....
ဦးခေါင်းမှာစက်ကြီးများတပ်ဆင်ထားရပြီး တတီတီမြည်နေသော ကိရိယာသည် ဆွန်းချောအသက်ရှူနိုင်ဖို့ ထောက်ပံ့ပေးနေ၏။ နက်မှောင်တဲ့မျက်ခုံးထူထူတို့က တည်တန်းနေပြီး ပွင့်အာနေသော မျက်လုံးလေးက မျက်နှာကျတ်ကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေလျှက် မျက်တောင်ပုတ်ခတ်ခြင်းမရှိ။
"ဒယ်ဂူ...ငါလာတယ်"
ပလက်စတစ်ဖြင့်ဖန်တီးထားသော ပိုးသတ်၀တ်စုံကို၀တ်လျှက် ဂျောင်ဟန်၀င်လာပြီးနောက် အသံပေးလိုက်သည်။ လက်ချောင်းထိပ်မှာ အောက်စီဂျင်တိုင်းတာသည့်ကိရိယာလေးရှိနေသော ဆွန်းချောဘေးမှာ ၀င်ထိုင်ကာ ဆွန်းချောပါးပြောင်ပြောင်လေးအား ဂျောင်ဟန်လက်ချောင်းလေးများဖြင့် ထိတွေ့ပေးနေမိ၏။
"ငါ ဒီနေ့ အင်တာဗျူးတစ်ခုမှာ အဖေနဲ့ပက်သက်တာတွေဖြေလာရပြန်ပြီ။
မင်းမရှိတော့ ဘာလုပ်လုပ်အဆင်မပြေဘူး ။ငါအောင်မြင်တာကို ၀မ်းသာပေးမယ့်လူတစ်ယောက်လျော့တာ တစ်ယောက်မကသလိုခံစားရတယ် မင်းသိလား။
မင်းသိတယ်မလား ငါကလူတွေကိုကြောက်တယ်ေလ။ အရမ်းကြောက်တာမို့ ကျေးဇူးပြုပြီး ငါ့ဘေးပြန်လာလို့ မရဘူးလားဟွန်"
ကျစီးလာသော ဂျောင်ဟန့်မျက်ရည်သည် သူတယတယကိုင်တွယ်ထားတဲ့ ဆွန်းချော၏ ညာဘက်လက်ဖမိုးပေါ်သို့စိမ့်၀င်နေခဲ့၏။ ကိုမာအဖြစ်နဲ့ အချိန်ကြာကြီး အိပ်ယာထဲလှဲနေခဲ့တဲ့ဆွန်းချောက မနေ့ကပဲ ခွဲစိတ်မှုတစ်ခုထပ်လုပ်ရပြီး ယနေ့မနက် မျက်လုံးလေးပွင့်လာခဲ့တာဖြစ်သည်။
စိတ်ကျရောဂါ၏သက်ရောက်မှုအရ ဆွန်းချောကိုယ်တိုင်က နိုးထချင်စိတ်မရှိေတာ့တာမို့ ဆရာ၀န်များက လက်လျှော့ထားသည်။ လူနာရှင်များကိုလည်း စိတ်အသင့်ပြင်ထားဖို့သာ ပြောခဲ့၏။"မနက်ဖြန်မင်းမွေးနေ့... ဂေဟာကကလေးတွေ မင်းလာမှာ မျှော်နေကြမယ်ထင်တယ်။ မင်းတကယ်ပဲ ငါတို့ဆီ ပြန်မလာချင်တော့ဘူးလား...
ငါကအများကြီးမှားခဲ့တာပဲ တောင်းပန်ပါတယ်
အဲ့အစား... အဲ့အစား ငါအများကြီးပြန်ကောင်းပေးမှာမို့ မင်းကဒီတိုင်းလေးပဲ ပြန်ထလာလို့မဖြစ်ဘူးလားဟင်"
YOU ARE READING
Lean on me
Fanfictionomegaverse (smut) myanmar ff jeongcheol coupsjeong start date_ 3/6/2024 end date _13/6/2024