part_8

408 68 4
                                    

အပိုင်း_၈

.......

အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရမယ်ဆို ထိုနေ့ညကို ကျွန်တော်ဘယ်အရောက်ခံခဲ့မလဲ။ ကျွန်‌ေတာ့လက်ထဲကသွေးသံရဲရဲနဲ့ မျောလုဆဲဆဲကိုကို့မျက်နှာကို ရင်မှာပိုက်ထားရတဲ့ ထိုခံစားချက်..ဘယ်တုန်းကမှ မေ့နိုင်စွမ်းမရှိခဲ့ရိုး အမှန်ပါပဲ။

ထိုညက....

ကျောင်းမှာ အနုပညာပွဲတော်ရှိတာမို့ ဆွန်းချောနဲ့ ဂျီဆူးက သီချင်းဆိုကြမည်ဖြစ်ရာ အိမ်နားက ကစားကွင်းမှာ ဂီတာတစ်လက်နဲ့ တီးခေါက်နေကြ၏။ ထိုအချိန်ဂျောင်ဟန်က အိမ်ထဲမှာ စာရေးနေတာမို့ ဂီတာသံကို ကြားတစ်ချက်မကြားတစ်ချက်ပေ။

ဂျီဆူးတို့ရွေးချယ်ထားသည်က Yawn တဲ့... နူးညံ့တဲ့တေးသွားနဲ့ အေးအေးချမ်းချမ်းရင်ကိုလှိုက်စားနိုင်တဲ့ အဓိပ္ပာယ်အပြည့်နဲ့ ထိုသီချင်း။ ဂျောင်ဟန် နားထဲကို တရေးရေးတိုး၀င်လာတဲ့ထိုတေးသံ လွှလွှကြောင့် အခန်းပြတင်းကို အသာဖွင့်ပြီး နားစွင့်နေမိသည်။
ပေါက်စဟာ ၀က်ဝံမိသားစုသီချင်းကို မပီကလာပီကလာ ဖင်လေးလှုပ်လှုပ်ပြီးဆိုတဲ့အရွယ်ကနေ အခုတော့ ဂီတာကိုင်ကာ တေးသွားလှလှကို ရင်ထဲဆွဲအောင် ဆိုနိုင်တဲ့ အရွယ်တစ်ခုကို ရောက်လာရောပေါ့။ မကြာခင်မှာပဲ ပေါက်စရဲ့ ဆေးစစ်ချက်လည်း သိရတော့မည်မို့ ဂျောင်ဟန် သူ့တုန်းကထက် ရင်ခုန်မိပါသည်။ အပြင်ကပေါက်စဆိုနေတဲ့သီချင်းကိုနားဆင်ရင်း စိတ်ထဲမှာလည်း ပေါက်စဟာ နူးညံ့တဲ့နှလုံးသားလေးကြောင့် omegaလေးများဖြစ်နေခဲ့မလား၊ ဒါမှမဟုတ် တောင့်တင်းတဲ့bodyနဲ့လိုက်ဖက်အောင် alphaကြီးများဖြစ်နေခဲ့မလား သူတွေးမဆုံးပါ။
ထိုအခိုက် တလှုပ်လှုပ်တုန်ခါလာတဲ့ စားပွဲပေါ်ကဖုန်းကြောင့် ဂျောင်ဟန် ကောက်ကြည့်လိုက်တော့ contactမှာပေါ်လာတာက အမေတဲ့....။

..

"မင်းဆိုတာကကောင်းတယ် တီးတာကနည်းနည်းမှားနေတယ် ဒယ်ဂူ"

"ဟုတ်လား ဘယ်နားလဲ.."

"စီကော့လေကွာ ဒီဟာက ..အဲ့နေရာ မင်းလွဲနေတာ.."

သူငယ်ချင်းနှစ်ဦး ဂီတာကော့ညှီရင်းမှ သူ‌တို့နားက ဖြတ်ပြေးသွားတဲ့ လူရိပ်ကြောင့် လန့်ဖြန့်သွားချိန် လိုက်ကြည့်မိတော့..

Lean on meWhere stories live. Discover now