အပိုင်း-၂
.....
ယွန်မျိုးရိုးသည် ဆိုးလ်ပညာရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်တစ်ယောက်ဖြစ်လေရာ ဇနီးဖြစ်သူ ဆူမင်းသည်လည်း အလယ်တန်းပြ သင်္ချာဆရာမတစ်ယောက်ဖြစ်၏။ နှစ်ဦးလုံးက ပညာတတ်မို့ သူတို့ထိန်းကွပ်မှုအောက်မှာ ကြီးပြင်းရမယ့် ဆွန်းချောငယ်လေးအတွက် အနာဂတ်ဟာ တွေးပူစရာမလိုချေ။
"သားရေ ထမင်းစားမယ်လေ...ဆွန်းချောလေး"
"သားဒီမှာ တီတီ..."
ဆွန်းချောလေးက ကော်ဓားတစ်လက်ဖြင့် ဆော့ကစားရင်းပြေးလာတာမို့ ခေါင်းပေါ်မှာလည်း ယွန်ဦးလေးတင်ပေးထားတဲ့ စက္ကူသရဖူစောင်းထားသေးသည်။
သူမဆီပြေး၀င်လာသည့် ဆွန်းချောလေးကို ဆူမင်းဒူးထောက်ေပွ့ထားလိုက်တော့ အနောက်က ပြေးလိုက်လာသည့် ယွန်ဦးလေးက ဆွန်းချောကို ဖမ်းမိသွားလေရာ ကလေးနဲ့လူကြီးရဲ့ ရယ်သံတဟစ်ဟစ်က အိမ်ငယ်လေးထဲ လွင့်စင်သွားသည်။
"ခစ်ခစ်...တီတီလုပ်လို့ လူဆိုးကြီး သားကိုမိသွားပြီ"
"ဟုတ်လား တီတီမှားသွားတာပဲ"
"မှားဘူး သားက တီတီ့ကို လူဆိုးကြီးကိုက်မစားအောင် ကာကွယ်ပေးလိုက်တာ..။ သားကဘုရင် ဒီမှာကြည့်"
ခေါင်းပေါ်က သရဖူကို လက်ထဲကကော်ဓားနဲ့ ထိုးပြရင်းပြောတော့ ဆူမင်းတို့ ဇနီးမောင်နှံ သဘောကျသွားရလေသည်။ လက်ထပ်ပြီး သုံးနှစ်ကြာသည်ထိ သားသမီးမထွန်းကားတဲ့ သူမတို့လင်မယားအတွက် ဆွန်းချောလေးဟာ ရတနာတစ်ပါးသာ။
"ကဲဘုရင်ကြီးကို စားတော်ဆက်ဖို့ ကျွန်တော်မျိုးမ ဟင်းလျာေတွအများကြီးချက်ထားပါတယ်။ သုံးဆောင်ဖို့ လက်သွားဆေးတော်မူပါကွယ်"
အထိန်းတော်လေသံနဲ့ပြောလိုက်တော့ နားလည်တဲ့ ဆွန်းချောလေးက သဘောကြီးကျပြီး ခပ်မိန့်မိန့် လက်ကိုနောက်ပစ်လျှက် ဘေစင်ကို လျှောက်သွားလေရဲ့။
"အဟင်း တော်သေးတာပေါ့ ပျော်နေရှာလို့"
"မင်းစိတ်အေးရမှာပါ ကိုယ်တို့ကလေးက လိမ္မာရေးရှားရှိတယ်။ ဒါနဲ့ မင်းမြေးရော ဆူမင်း"
YOU ARE READING
Lean on me
Fanfictionomegaverse (smut) myanmar ff jeongcheol coupsjeong start date_ 3/6/2024 end date _13/6/2024