part_5

470 73 6
                                    

အပိုင်း_၅

.....

အရှေ့ကဆရာ စာသင်နေပေမယ့် ဆွန်းချော စာထဲစိတ်မရောက်ပါ။ ကိုကို သူ့အိမ်သူပြန်သွားတာသုံးရက်တောင်ရှိပြီ။ အရင်ဆို နှစ်ရက်ထက်ပိုမနေတတ်တာကြောင့် အခုလိုကျ သူ့မှာစိတ်ပူ‌ေနမိသည်။

"ဟေ့ရောင်..ဒယ်ဂူ"

"ကျစ်..ဘာလဲ။ စာလုပ်နေတာမမြင်ဘူးလား"

ဘေးက ဂျွန်ဟွီးနဲ့ ဂျီဆူး လာပြောသည်ကို ဘုနဲ့ဘောက်ပြန်ပြောလိုက်တော့ ဂျီဆူးက သူ့အား ဇက်ပိုးကိုထအုပ်သည်။

"ချီးလား မင်းစာထဲစိတ်မရောက်တာ သိသားပဲ။"

"သိရင်လည်းအသာနေကွာ ငါဒီမှာ ကိုကို့ကို စိတ်ပူနေတာ"

ထိုအခါမှ ဂျွန်ဟွီးဖြတ်ကနဲစဉ်းစားမိသွားသည်။

"ကိုကို အိမ်ပြန်သွားတာ သုံးရက်ကျော်ပြီမလား ဟေ့ရောင်။ အခုထိ ပြန်မလာသေးဘူးလား။ "

"အေးနော် ကိုကို ကျောင်းရောတက်လားမသိဘူး"

သူတို့နှစ်ဦးအပြောကို ဆွန်းချောက မျက်မှောင်ကျစ်ကျစ်ကုတ်ကုတ်နဲ့ မကျေနပ်ဟန်ပြလာသည်။

"မင်းတို့ကို ကိုကိုလို့ မခေါ်နဲ့ပြောထားတယ်လေ"

"ဘာဖြစ်လဲ မင်းတောင်ခေါ်သေးတာပဲ"

"ငါခေါ်တာရတယ် "

"ငါတို့ခေါ်တာကျ ဘာလို့မရတာလဲ။ ဂျောင်ဟန်ဟျောင်းက မင်းအပိုင်လား။ ခေါ်မှာပဲကွာ ကိုကို ကိုကို.."

"ဟေ့ကောင်တွေ ငါထိုးမှာနော်"

"ထိုးလေ ကိုကိုကိုကို.."

မကြိုက်မှန်းသိလို့ပိုစနေတဲ့ နှစ်ကောင်ကို ဆွန်းချော လက်သီးရွယ်လိုက်တော့ ဆရာကတွေ့သွားပြီး သူတို့သူံးဦးလုံးကို အပြင်ထွက်ရပ်ခိုင်းသည်။ ဒါပဲလေ ချွဲဆွန်းချောဆိုတာ တွန့်တိုတဲ့နေရာမှာ နှစ်ယောက်မရှိ‌ေအာင်ပဲ။ ငယ်ငယ်ကဆို ဒီ့ထက်ပိုဆိုးခဲ့ပါသည်။ ဂျီဆူးနဲ့ ဂျွန်ဟွီး သူ့ဆီကို လာ‌ေဆာ့တိုင်း ခြံပေါက်မှာ စာကပ်ထားတာကို အသံထွက်ဖတ်ပြီးမှ အိမ်ထဲအ၀င်ခံသည်။ ထိုစာသည်လည်းတခြားမဟုတ်၊ ဂျောင်ဟန်ဟျောင်းကို ကိုကိုလို့မခေါ်ဖို့ တားမြစ်သည့်စာပင်။

Lean on meWhere stories live. Discover now