part_3

564 74 6
                                    

အပိုင်း_၃

.....

တီတီငယ်တို့မရှိကြချိန် ကိုကိုက အိမ်ပြင်ထွက်ဖို့ စက်ဘီးထုတ်နေသည်မို့ ဆွန်းချော ကစားလက်စအရုပ်လေးပိုက်လျှက် ခြံထဲဆင်းသွားလိုက်သည်။

"ကိုကို ဘယ်သွားမို့လဲ"

ဂျောင်ဟန် ပြန်မပြောပဲ လှည့်ကြည့်လာကာ ဆွန်းချောလက်မှ အနာသေးသေးလေးကို အကြည့်ရောက်နေသည်။ တစ်နေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဂျောင်ဟန်လည်း တီတီတို့ထံမှ အဆူခံထိခဲ့ရပါသည်။ ဘဘက အတန်းပိုင်အိမ်ထိသွားတောင်းပန်ပြီး နောက်မလုပ်တော့ဖို့ ပြောခိုင်းပေမယ့် ဂျောင်ဟန်ကတော့ သူ့အမှားမဟုတ်လေ၍ အကြောတင်းစွာ တောင်းပန်ခြင်းမရှိခဲ့ပါချေ။

"ဘယ်သွားသွားမင်းအပူမပါဘူး "

"ဟွန့်.."

သူ့ကို လေသံမာတာနဲ့ နှုတ်ခမ်းကိုထော်ထားလိုက်ပြီး ဆွန်းချောက အကြောထပ်ရှည်သည်။

"ကိုကို အိမ်ကိုပြန်မှာမလား။ တီတီက ကိုကို့ကို သားကိုစောင့်နေဖို့မှာခဲ့တာကို"

"ကျစ်.."

ဂျောင်ဟန် စိတ်ရှုပ်စွာ ကျစ်သပ်လိုက်ပြီးမှ လက်က နာရီကို ငုံ့ကြည့်လိုက်သည်။ တီတီတို့လင်မယားက လမ်း‌ေလျှာက်ထွက်သွားတာမို့ နောက်ဆယ်မိ‌နစ်လောက်နေရင်တော့ ပြန်လာလောက်ပါပြီ။

"ငါနောက်ထပ် ဆယ်မိနစ်ပဲ ထပ်စောင့်ပေးမှာ။ နေစမ်းပါဦး မင်းကဒီနေ့မှ ဘာလို့အိမ်ကပ်နေတာလဲ အရင်လိုပတ်သွားနေပါ့လား"

"ကိုကိုနဲ့နေချင်လို့ပေါ့"

"ဘာ"

"ကိုကိုအိမ်ပြန်ရင် သားကိုလည်းခေါ် ၊ သားကိုဒီမှာတစ်ယောက်တည်းမထားခဲ့နဲ့နော် ကိုကိုနော်"

ပြော‌ေပြာဆိုဆိုနဲ့ လက်ထဲက ခွေးရုပ်လေးကို ပစ်ချလျှက် ဂျောင်ဟန့်ခြေထောက်အား ဖက်ထားလေ၏။

"သိပြီ သိပြီလို့..သွား ဟိုခုံမှာသွားထိုင်နေ။ တီတီတို့ပြန်လာတဲ့ထိ စောင့်ပေးမယ်"

သူဆို‌လိုက်တော့ တကယ်လားဆိုသော အကြည့်နဲ့ တွေတွေလေးငေးနေသေးသည်။ ဂျောင်ဟန်  ခေါင်းငြိမ့်ပြလို့ သေချာပြီဆိုမှ လက်လွှတ်ပေးပြီး သွားထိုင်တော့၏။ တကယ်ကို မလွယ်တဲ့ကလေးမို့ ဂျောင်ဟန် ခေါင်းခါမိလိုက်ရင်း အစောက ပစ်ချထားခဲ့တဲ့ အရုပ်လေးကိုကောက်၍ဖုန်ခါ‌ပြီး ပေးလိုက်သည်။ ထို့နောက် ဆွန်းချောဘေးမှာ ၀င်ထိုင်လိုက်ကာ လူကြီးတွေပြန်လာချိန်ထိ စောင့်ခဲ့ရ၏။

Lean on meWhere stories live. Discover now