(အပိုင်း21)

5.5K 84 5
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း21)

အနမ်းအိမ်ရှေ့ခန်းထဲမှာTvထိုင်ကြည့်နေပေမဲ့ စိတ်တွေကတစ်ယောက်သောသူဆီသို့သာရောက်နေလေသည်။

ဟူး~~~

သက်ပြင်းရှည်ကြီးတစ်ခုကိုအနမ်းချလိုက်မိသည်။

''ဘာတွေသက်ပြင်းချနေတာလဲ ကိုယ့်ညီမက''

လင်းညို့ကောက်လာပြီ အနားကခုံတစ်လုံးတွင်ကောက်ထိုက်လိုက်သည်။

''ဘာမဟုတ်ပါဘူး ဒီတိုင်းပါပဲ''

''ဟုတ်လို့လား ကြည့်ရတာရည်းစားပူမိနေ​ပြီထင်တယ်နော်''

''ဟာ အစ်ကိုကလည်း မဟုတ်ပါဘူးဆို ''

''ဇိုးကပြန်လာမှာဘာ''

''ရှင်''

လင်းညို့ဆီကထွက်လာတဲ့စကားကြောင့် အနမ်းအစ်ကို့ဖြစ်သူမျက်နှာကိုမယုံနိုင်စွာကြည့်နေမိသည်။

''အစ်ကိုတို့ကဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားတာလဲ''

''ဒီလိုပါပဲ ပြောရင်းဆိုရင်းပေါ့ ကဲ အစ်ကိုသွားမယ် မီးငယ်ကိုအမေ့ဆီသွားပို့ရအုံးမယ်''

''ဟင် ဘာလို့လဲ ဒီမှာထားလဲရနေတာပဲကို''

''ဟိုမှာဆို မီးငယ်နေရတာပိုအဆင်ပြေမလားလို့ဘာ နွေဦးမရှိတော့ မီးငယ်ကအရင်လိုမဟုတ်တော့ဘူးလေ... ''

''အစ်ကိုကရောမမနွေကိုပြန်မခေါ်တော့ဘူးလား...?''

''​ပြန်ခေါ်မှာပါ အချိန်တစ်ခုကိုစောင့်ပြီးရင်ပေါ့..''

''ဟင် တစ်ကယ်လား မမနွေကိုတစ်ကယ်ပြန်ခေါ်မှာလား''

''အင်း''

လင်းညို့အနည်းငယ်မျှပြုံးကာ နေရာမှထထွက်သွားလိုက်သည်။

အခြေအနေတွေကဘယ်ထိရူတ်သွားမလဲဆိုတာ သူ့ခန့်မှန်းလို့တောင်မရဘာ။

လင်းညို့အိမ်အပေါ်ကိုပြန်တက်လာပြီး ကလေးအခန်းထဲဝင်ခဲ့လိုက်သည်။

အိပ်ယာပေါ်မှာအိပ်မောကျနေတဲ့သမီးဆီ ဖြေးဖြေးလေးလျှောက်လာရင်း နဖူးပေါ်ကဆံပင်စလေးတွေကိုဖယ်ကာ ​ကြင်နာစွာနမ်းရှိုက်လိုက်မိသည်။

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now