အပိုင်း ၃၁ / ၃၂ / ၃၃

468 55 4
                                    

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်

အပိုင်း ၃၁




ကျွမ်းရိယွင်မှာ အစည်းအဝေးလုပ်နေတဲ့ အတောတွင်းမှာ အကြိမ်ပေါင်းများစွာ စိတ်ပျံ့လွင့်နေပြီး အစည်းအဝေးမတိုင်ခင်တုန်းက ဖုန်းခေါ်ဆိုမှု အကြောင်းကို မတတ်နိုင်ဘဲ စဉ်းစားမိနေသည်။

သူညစာစားဖို့ အိမ်ပြန်မလာဖြစ်ဘူးလို့ ပြောလိုက်ကတည်းက ရန်ရန်မှာ ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေ။ ရန်ရန်ဒီလိုမျိုး ဖြစ်တာကို သူတစ်ခါမှ မမြင်ဖူးချေ။

သူပိုပြီး ပုံမှန် မဖြစ်နေလေ သူ့အကြောင်းကို ပိုပြီး တွေးမိနေပြီး သူ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ လက်တွေ့နဲ့ စိတ်ကူး အသေးစိတ်တွေအားလုံး‌ကို တွေးလိုက်သည်။

အရင်တစ်ခေါက် ခရစ်စမတ်အကြိုနေ့တုန်းက အိမ်ပြန်လာဖို့ သူငြင်းလိုက်တဲ့အချိန်မှာ ရန်ရန်ရဲ့အမူအရာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို သူသိချင်သွားသည်။

သူ့ရဲ့ပြုံးနေတဲ့ မျက်ခုံးတွေက ချက်ချင်း ကွေးကျသွားမလား။ သူချက်ထားတဲ့ အစားအသောက်တွေကို ဘယ်သူမှ မစားတဲ့အခါ သူ့အမူအရာက ဘယ်လိုဖြစ်နေမလဲ? အသီးအရွက်တွေကို ဆေးနေတုန်းမှာ သူငိုခဲ့မလား? ဒီနေ့ရော? ရန်ရန်က ပင်လယ်စာ ညစာစားပွဲလုပ်မယ်လို့ ပြောခဲ့တာ။ သူဂရုမစိုက်ခဲ့လို့ အရမ်း‌စိတ်တိုနေမလား?

လူတစ်ယောက်ရဲ့ အတွေးတွေက အဝန်းအဝိုင်းတစ်ခုထဲသို့ ရောက်သည်နှင့် လွတ်မြောက်နိုင်ရန် ခက်ခဲလှသည်။ ကျွမ်းရိယွင်မှာ အစည်းအဝေးမှာ တစ်ခါမှ စိတ်မပျံ့လွင့်ဖူးပေ။

ဒီနေ့ အစည်းအဝေးက အရမ်းအရေးကြီးတာ သူသိသည်။ စမ်းသပ်မှု ဒေတာနဲ့ ခန့်မှန်းချက်ကြားမှာ ကြီးကြီးမားမား ကွာဟချက်တွေ ရှိနေသည်။ ပြည်နယ်ဆေးဝါးကွပ်ကဲရေး အဖွဲ့လည်း လက်ရှိမှာရှိနေပြီး ရှင်းပြချက်ကို လိုချင်နေသည်။

သို့ပေမယ့် သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို ထုတ်ပြောပြီးတဲ့နောက်မှာတော့ သူ့အတွေးတွေထဲ လွင့်မြောနေတာကို မရပ်တန့်နိုင်ပေ။ လူတွေက သူ့ကို လေးလေးနက်နက် ထင်စေတဲ့ သူ့ရဲ့ လေးနက်တဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် မယုံနိုင်လောက်အောင် ကြီးကြီးမားမား ရှက်စရာကောင်းနေလိမ့်မည်။

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)Where stories live. Discover now