အပိုင်း ၄၁

194 33 2
                                    

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်

အပိုင်း ၄၁



ကျွမ်းရိယွင်က ရှက်တာကို ဖုံးကွယ်ဖို့ ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူက ချက်ပြုတ်တဲ့နေရာမှာ တကယ်မတော်ပေ။ သူကချက်ပြုတ်တဲ့နေရာမှာ သူ့ရဲ့အားအင်တွေ အကုန်လုံးကို သုံးခဲ့ပေမယ့် အရသာကတော့ ဖော်မပြတတ်အောင်ပင်။ သူနေမကောင်းတုန်းက ရန်ရန်လုပ်ခဲ့တာ ဘယ်လိုလက်ရာမျိုးလဲ? အခုတော့ တစ်ဖက်လူကို ဂရုစိုက်ပေးရမယ့် အလှည့်ဘဲ....

"အော်ဒါမှာလိုက်မယ်။ မင်းဘာစားချင်လဲ?"

"ကျွန်တော် အသားစားချင်တယ်"

"အဲ့ဒါက အရမ်း အဆီများလွန်းတယ်"

"ကျွန်တော်က ဝက်သားနှပ်မစားဘူး။ ဒီတော့ ကျွန်တော့်ကို ဘာအသားမှ ပေးမထိတော့ဘူးလား Dr.ကျွမ်း?"

သူသာ ဟင့်အင်း လို့ပြောလိုက်ရင် ရန်ရန်က သူ့ကို အချိန်မရွေး ရိုက်တော့မယ့်ပုံပင်။ ကျွမ်းရိယွင်က သူ့ကို စိတ်မပျက်စေချင်ပေမယ့် ပြောလိုက်သေးသည်။

"ကောင်းပြီလေ၊ ဒါပေမယ့် သားကြီး၊ငါးကြီး၊ အစပ်တွေရယ်၊ အစိမ်း ဒါမှမဟုတ် အအေးစာတွေကိုတော့ စားလို့မရဘူး"

"ဒါဆို ဘာလို့ အော်ဒါမှာဦးမှာလဲ? အိမ်မှာချက်လို့ရတာဘဲ"

"အင်း...."

ကျွမ်းရိယွင် ကြည့်ရတာ တွန့်ဆုတ်နေသည်။ ရန်ရန်က ရေခဲသေတ္တာထဲမှာ ဘာတွေရှိမလဲလို့ ကြည့်ဖို့ သွားတော့မည်ဖြစ်သည်။

" ဘယ်လိုချက်ပြုတ်ရမလဲ ကိုယ်မသိဘူး" အခုလေးတင် သက်သာ‌နေတဲ့ ရန်ရန်ရဲ့ ဗိုက်က သူချက်ထားတာတွေစားပြီး ပြန်နာလာမှာကို သူစိုးရိမ်သည်။

ရန်ရန်က သူတွန့်ဆုတ်နေတာကို နားလည်လိုက်သည်။ ကျွမ်းရိယွင်မှာ ဘာလို့ ဒီလောက် ရှက်ရွံ့နေရလဲဆိုတာကို သူတွေးနေတာဖြစ်သည်။

ရယ်စရာကောင်းလိုက်တာ၊ ကျွမ်းရိယွင်ရဲ့ အကြောသေနေတဲ့ မျက်နှာပေါ်က ရှက်ရွံ့မှုကို အခုတော့ ‌သူတွေ့လိုက်ရပြီ။ ကျွမ်းရိယွင်မှာ ဘဝကျွမ်းကျင်မှုတွင် အဆင့်ကိုးရှိတဲ့ လူတစ်ဦးဖြစ်ကြောင်း ရန်ရန်သိပေမယ့် သူမချက်ပြုတ်တတ်ဘူးလို့တော့ မထင်ထားပါချေ။

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)Where stories live. Discover now