အပိုင်း ၃၆

228 36 1
                                    

Unicode

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်

အပိုင်း ၃၆

   
    

"ကောင်းပြီ၊ ဒီထက်ပိုကြီးတဲ့ တစ်ကောင်ကို ဝယ်ပေးမယ်" ကျွမ်းရိယွင်က သူ့ကို မထီမဲ့မြင်ပြုနေသလိုပင်။
 

"ဒီထက်ပို ကြမ်းကြုတ်တဲ့ တစ်ကောင်လိုချင်တယ်"

"ကောင်းပြီ၊ အသီးအရွက်ဈေးသွားပြီး သူတို့တွေကို အရင် တိုက်ခိုက်ခိုင်းကြတာပေါ့"

"ဟားဟား"

   
နှစ်ကျော့ပေါင်း သရုပ်ဆောင်ပြီးတဲ့နောက်မှာ သူက အပြုံး+1နဲ့ ညစာစားဖို့အခွင့်အရေး +1ကို ရခဲ့သည်။ ငွေပေးချေရန်အတွက် QR codeကို စကင်န် ဖတ်လိုက်တဲ့အခါကျွမ်းရိယွင်မှာ သူလိုချင်တာ ရသွားတဲ့ ခံစားချက်ကို နားမလည်တော့ပေ။
   

ဒီအခြေအနေကိုအနိုင်ရခဲ့တဲ့ ရန်ရန်မှာလည်း အလွန်ကျေနပ်နေသည်။ နောက်ထပ် သူတို့သွားမယ့်နေရာကို ဘယ်သူမှ မပြောပေမယ့် ရန်ရန်က ကျွမ်းရိယွင်ရဲ့ ကားထဲဝင်ပီ့း အိမ်ပြန်လာသည်။

ပြီးတော့ အိမ်ပြန်ရောက်တဲ့အခါ  ရန်ရန်က ချက်ချင်းဆိုသလို ခရီးဆောင်အိတ်ကို ဖွင့်ပြီး ညအိပ်ဝတ်စုံကိုရှာလိုက်တဲ့အတွက် ကျွမ်းရိယွင်ကလည်း ဘာညွှန်ကြားချက်မှ မပါဘဲ သူ့ရဲ့ ခရီးဆောင်အိတ်ကို ဒုတိယအိပ်ခန်းဆီ ပြန်ရွှေ့လိုက်သည်။
   
   
မုန်တိုင်းပြီးနောက် ငြိမ်သက်မှုမှာ ရန်ရန်ရေချိုးပြီးသည့်တိုင်အောင် ငြိမ်သက်နေသည်။ ကျွမ်းရိယွင်က လူအရွယ်ခေါင်းအုံးကို အသံလွှင့်အခန်းထဲကနေ ထုတ်လာတာကို သူတွေ့လိုက်သည်။

သူက တံခါးလက်ကိုင်ကို လက်တစ်ဖက်နဲ့ ကိုင်ရင်း လူအရွယ်ခေါင်းအုံးရဲ့ ခေါင်းကို နောက်လက်တစ်ဖက်နဲ့ အလွယ်လေးကိုင်ထားကာ ဘယ်သူက အရပ်ပိုရှည်ကြောင်း အပြည့်အဝပြသထားသည်။

ခေါင်းအုံးက မင်းအရပ်နဲ့ တူတူဘဲ.....

ရန်ရန်က ဆုံပင်သု‌တ်နေတာကို ဂရုမစိုက်တော့ဘဲ သူ့ကိုမေးလိုက်သည်။ " ခင်ဗျားဘာလုပ်နေတာလဲ?"

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)Where stories live. Discover now