အပိုင်း ၄၃

178 26 2
                                    

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်

အပိုင်း ၄၃

   

ရန်ရန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူတို့၏မျက်နှာတွေကို ပြသဖို့မလိုပေ။ သူကိုယ်တိုင်ကလည်း ကင်မရာကိုမဖွင့်တဲ့အတွက် ပါဝင်နေတဲ့လူက သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒအတိုင်း မိုက်ခရိုဖုန်း ဒါမှမဟုတ် ကင်မရာကို ဖွင့်ဖို့မလိုပါချေ။

ဒီတစ်ခေါက်တော့ အွန်လိုင်းဂိမ်းကစားကြတဲ့သူတွေဖြစ်ပြီး သူတို့အားလုံးက အွန်လိုင်းပေါ် ချိန်းတွေ့ကြတဲ့သူတွေဖြစ်တဲ့အတွက် သောင်းနဲ့ချီတဲ့ ပရိတ်သတ်တွေကို သူတို့ရဲ့ မျက်နှာတွေပြသဖို့ အကြောင်းမရှိပါချေ။ အဲ့ဒါကြောင့် ဘယ်သူမှ ကင်မရာမဖွင့်ထားပါချေ။

အစမှာ၊ ရန်ရန်က နှစ်ဖက်စလုံးကို အေးဆေးတည်ငြိမ်အောင် ထားထားပြီး အားလုံးက ပုံမှန်အတိုင်းပင်။ သူက ရန်ပွဲအခြေအနေကို မပြင်းထန်အောင် ထိန်းချုပ်ထားသည်။ သို့ပေမယ့် စကားဝိုင်းက ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ ဇာတ်ကောင်အသစ်တစ်ယောက် ပေါ်ထွက်လာပြီး  အခြေအနေတစ်ခုလုံး ပြောင်းလဲသွားသည်။

အမျိုးသမီးတပည့် - "ရှင်ပြောတဲ့ဟာတွေကို ကျွန်မတစ်ခါမှ မရဖူးဘူး။ ဆရာက ကျွန်မကို ဝတ်စုံတစ်ထည်ဘဲ ဝယ်ပေးဖူးတာ။ ဆောင်းဦးလယ်ပွဲတော် ရှင်နောက်ဆုံး အွန်လိုင်းဖြစ်တဲ့အချိန်တုန်းကတော့ ဂိုဏ်းထဲက မိန်းကလေးတွေကို လက်ဆောင်တွေ ပေးခဲ့သေးတယ်"

အမှုသည်က လှောင်ပြောင်လိုက်ပြီး အရေးကြီးတဲ့ အထောက်အထားကို တင်ပြလာသည်။ "နင်မရခဲ့ဘူးပေါ့.... ငါ့ကို ရီသေသွားစေချင်နေတာလား? သူက ယွမ်တစ်သိန်းတန် ပစ္စည်းတွေကို ဝယ်ပြီး နင့်ကိုမပေးရင် ဘယ်သူ့ကို ပေးလိုက်တာလဲ?! ငါ သူ့ အကောင့်ထဲဝင်ပြီး အီးမေးလ်တွေ စစ်ကြည့်လိုက်တော့ သူက  ချင်ယွမ်ဆိုတဲ့ နင့်ကို ပို့ထားတာ ငါ့ရဲ့မျက်လုံးတွေနဲ့ကို မြင်ခဲ့တာ။ အဲ့ဒါက နင့်အတွက်မဟုတ်ရင် ဘယ်သူ့အတွက်လဲ?"

"ခ‌ဏ၊ သူ့ဇာတ်ကောင်ကရော?" ရန်ရန်က မိန်းကလေးနှစ်ယောက်ကြား ငြင်းခုန်နေတာကို ဖြတ်ပြောလိုက်သည်။

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)Where stories live. Discover now