အပိုင်း ၃၄

262 31 1
                                    

Unicode

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်

အပိုင်း ၃၄

 

ထပ်ခါတလဲလဲ ငြင်းဆိုခံရခြင်းမှ စိတ်ပျက်မှု အပြည့်နဲ့ ဒေါသတွေက ထွက်နေပြီး ဟိုတစ်နေ့က ပေါ့ပေါ့တန်တန် ငြင်းဆိုမှုတွေနဲ့ လွမ်ချင်းက ကျွမ်းရိယွင်နဲ့ ပိုလိုက်ဖက်တယ်လို့ သု့ရှေ့မှောက်မှာ ပြောနေကြတာတွေ.....

ဒီခံစားချက်တွေအားလုံးက သူ့ကို ဆင်ခြင်တုံတရားကင်းမဲ့သွားစေသည်။ ဒီမီးတောက်ကို သူပေါက်ကွဲပစ်ချင်တယ်။ ရန်သူပေါင်းတစ်ထောင်ကိုသတ်ပြီး အခါရှစ်ရာလောက် ရှုံးရရင်တောင်မှ ကိစ္စမရှိပေ။

သူထရပ်လိုက်တဲ့အခါ သူ့လက်ကောက်ဝတ်ပေါ်ကို သန်မာတဲ့ အားကရောက်လာသည်။ အားကအရမ်း သန်မာလွန်းလို့ သူ့မှာ ဆိုဖာပေါ်ပြန်လဲကျလာသည်။

ကျွမ်းရိယွင်က အမြင့်မှာ ရပ်နေပြီး 1.9မီတာမြင့်တဲ့ သူ့အရပ်မှာ တောင်တစ်လုံးလို ခမ်းနားထည်ဝါစွာနဲ့ရှိနေသည်။

ရန်ရန်မှာ ချောက်နက်ထဲကနေ ကောင်းကင်ကို မော့ကြည့်နေရသလိုတောင် ခံစားလိုက်ရသည်။ သူ့မျက်လုံးတွေက အထီးကျန် ဝံပုလွေတစ်ကောင်လိုမျိုး အေးစက်ပြီး ခက်ထန်နေသည်။

ရုတ်တရက်၊ သူက သည်းမခံနိုင်တဲ့ ပုံစံနဲ့ ငုံ့ကြည့်လာကာသူ့တစ်ကိုယ်လုံးက ပြင်းထန်တဲ့အငွေ့အသက်တွေ ဖြာထွက်နေသည်။

"မင်းငါနဲ့ အိပ်ချင်ရင် ကိုယ့်ဘာသာကိုယ်အသင့်ပြင်ထားလိုက်။ ရှုပ်ရှုပ်ထွေးထွေးလူတွေကို ငါသဘောမကျဘူး။ မင်းက ငါနဲ့ အိပ်ချင်တာဆိုတော့ မင်းကိုယ်တိုင်မင်းလုပ်ချင်လား ဒါမှမဟုတ် ငါလုပ်ပေးရမလား?"

ရန်ရန်မှာ အလိုလိုနောက်ဆုတ်သွားပြီး သူ့အသံကလည်း လက်မဝက်လောက် ပျော့သွားကာ "ခင်ဗျားဘာတွေပြောနေတာလဲ?"

"ဘာပြောနေတာလဲ ဟုတ်လား? မင်း ကျုံးလုနဲ့ အဆင်ပြေနေတယ်မဟုတ်လား? ငါက ဘွဲ့ကြိုကတည်းက ဆေးပညာကိုလေ့လာခဲ့တာလို့ သူမင်းကို မပြောပြဘူးလား? ငါက ဒီနေရာမှာ နှစ်တွေ‌အကြာကြီး ဆရာကျခဲ့ပေမယ့် အခြေခံအချက်တွေကိုတော့ မှတ်မိနေပါသေးတယ်"

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)Where stories live. Discover now