Unicode
လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၂
ဘာမှမပြောရသေးခင် ရန်ရန်က အရင်ပြောလာသည်။ “သားရဲ့အကြားအာရုံက ၁၀၀ရာခိုင်နှုန်းပဲ၊ သားမျက်နှာအရှေ့မှာ ဘာတွေ တီးတိုးပြောနေကြတာလဲ? ပို့လာတဲ့ ဓာတ်ပုံက ဘာဖြစ်နေလို့လဲ? သားစိတ်မဝင်စားရလောက်အောင် အရမ်းရုပ်ဆိုးနေလို့လား?”
မာမားရန်က မဆိုင်းမတွ ပြန်ဖြေခဲ့သည်။ “ဟုတ်တယ်!”
ဒီကောင်လေးက လူကောင်းလေးဖြစ်ရမယ်။ အဲ့ဒီကလေးက အရမ်းကြည့်ကောင်းပြီး အရပ်လည်းရှည်တယ်၊ ကြည့်ကောင်းပြီး ထက်မြတ်တဲ့သူပဲ။ သူမရဲ့ သားအတွက် စိုးရိမ်နေပေမယ့် တောင်တွေကို ဖြတ်ပြီး မီးပင်လယ်ကို ကျော်ဖို့ သူ့ကို သူမ မလှည့်စားနိုင်ဘူး။သူမသားရဲ့ ပုံပန်းသွင်ပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ကြည့်ကောင်းပေမယ့် အရမ်းတက်ကြွလွန်းပြီး သူ့ရဲ့ပညာရှင်အထက်တန်းစား အမျိုးအစားနဲ့ မလိုက်ဖက်ပါချေ။ ဒါ့ပြင်၊ စခရင်ရှော့ထဲမှာ တောက်ပနေတဲ့ အမျိုးသားရုပ်မြင်သံကြားဌာနရဲ့ လိုဂိုလည်း ပါရှိသည်။
အမျိုးသား ရုပ်မြင်သံကြားဌာနကနေ အင်တာဗျူးခံရတဲ့လူငယ်လေးက သူမရဲ့သား ငါးဆားနူကို အမှန်တကယ် စိတ်ဝင်စားသွားရင် နိုင်ငံရဲ့ ‘ပိုင်ဆိုင်မှု’ ဆုံးရှုံးရတဲ့အတွက် အရမ်း စိတ်တိုရမှာ မဟုတ်ဘူးလား?
မာမားရန်က မှန်သားပြင်ထဲက Dr.ကျွမ်းကို ထိခိုက်စေမယ့် ကိစ္စတွေကို တွေးလိုက်ပြီး လွန်ခဲ့တဲ့ ဆယ်မိနစ်က အကောင်းမြင်ပြီး တက်ကြွနေတဲ့ သူမကို ကိုယ့်ဘာသာကိုယ် ရှုံ့ချလိုက်သည်။
အတွေးပေါင်းများစွာက မာမားရန်ရဲ့ စိတ်ထဲ ဖြတ်သန်းသွားသည်။ နောက်ဆုံးတော့ ပါပါးရန်က အသိပြန်ဝင်လာလာကာ ဓာတ်ပုံကို ကြည့်ဖို့ သူ့မိန်းမရဲ့ ဖုန်းကို ယူလိုက်ပေမယ့် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ ဖုန်းက တခြားလူ လက်ထဲရောက်သွားသည်။
YOU ARE READING
လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)
Romanceတစ်လ ၆ ပိုင်း Name - eng နာမည် တင်ရင် publish မရလို့ပါ Type - Web novel (CN) Genre - Romance Slice of Life Yaoi Tags - Blind Dates Caring Protagonist Charming Protagonist Cohabitation Cold Love Interests College/University Comedic Undertone Complex...