အပိုင်း ၂၅ / ၂၆ / ၂၇

375 44 1
                                    

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်

အပိုင်း ၂၅

“အဖွဲ့ခေါင်းဆောင် တိတ်တိတ်လေး ချစ်နေရတာက တကယ်ခက်ခဲတယ်။ နီးနီးကပ်ကပ် မရှိနိုင်ပေမယ့် အဝေးမှာလည်း မနေနိုင်ပါဘူး။ ဒီကိုမလာခင်ကတည်းက ကျွန်တော် တွေးထားခဲ့ပြီးသားပါ။ ခင်ဗျားသာ ကျွန်တော့်ကို ငြင်းလိုက်ရင် သေချာပေါက်ကို ခင်ဗျားက ကျွန်တော်နဲ့ အကွာအဝေးခြားတော့မှာ။ ဒါက ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ပြောင်းဖို့ အကူအညီဖြစ်မှာဘဲ။ ခင်ဗျားက ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားထားတဲ့လူဖြစ်လို့ ကျွန်တော့်ကို တခြားအဖွဲ့ဆီတော့ မပြောင်းလောက်ဘူး မဟုတ်လား?”

“ဖြစ်နိုင်ချေရှိတဲ့ အဖြစ်အပျက်တိုင်းကို တွေးကြည့်ခဲ့ပေမယ့် ဒီရလဒ်ကတော့ ဖြစ်နိုင်ချေ အဆိုးဆုံးဘဲ” လွမ်ချင်းရဲ့ အပြုံးက ပျောက်သွားပြီး အရင်က ပြခဲ့တဲ့ စိတ်ခံစားချက်တွေကိုလည်း ချုပ်တည်းလိုက်ကာ အဖြစ်အပျက်‌တွေလည်း ပြတ်တောက်သွားသည်။

“အဖွဲ့ခေါင်းဆောင် ကျေးဇူးပြုပြီး အရင်ထွက်လိုက်ပါ။ ကျွန်တော် ခဏလောက် ထိုင်နေလိုက်ဦးမယ်”

ကျွမ်းရိယွင်က ခေါင်းညိတ်လိုက်ပြီး သူ့ကို ဖြတ်ကာ တံခါးဖွင့်လိုက်သည်။ သူထွက်သွားတော့ လွမ်ချင်းက စားပွဲထိုးကိုခေါ်ကာ ဝိုင်တစ်ပုလင်း မှာလိုက်သည်။

Daiရဲ့ ပေါင့်ကူးဝိုင်ဟာ ယူနန်ရှိအထူးဝိုင်ဖြစ်သည်။ အဲ့ဒီဝိုင်က အဝင်ပျော့ပြီး သိပ်မပြင်းပေ။ ဝိုင်တစ်ခွက်လောက်နဲ့ စိုးရိမ်မှုတွေ အားလုံး ပျောက်ကွယ်သွားနိုင်သည်။

ကျွမ်းရိယွင် အိမ်‌ပြန်ရောက်တဲ့အချိန် ရန်ရန်က အိမ်မှာ မရှိနေပေ။ သူက အိမ်ဝင်ပေါက်မှာ ဖိနပ်မလဲဘဲ တံခါးမှာဘဲ ရပ်နေသည်။ ခဏလောက် ရပ်နေပြီးတော့မှ သူ့ဖုန်းကို ထုတ်လိုက်ကာ ရန်ရန်ကို ခေါ်လိုက်သည်။

“မင်းအခုအပြင်ထွက်လာဖို့ အချိန်ရှိလား?”

“ဘာဖြစ်လို့လဲ?” ရန်ရန်က‌မေးလိုက်ပြီး ကျွမ်းရိယွင်ပြန်မဖြေခင် ထပ်ပြောလိုက်သည်။ “ကျွန်တော်အချိန်ရတယ်”

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)Where stories live. Discover now