လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၃၉
အမှန်ပင်၊ သူက သူမအတန်းဖော်ဟောင်းရဲ့သားပင်။ သူတို့တွေက နှစ်အကြာကြီး အဆက်အသွယ်မရှိခဲ့တဲ့ အတန်းဖော်ဟောင်းတွေဆိုရင် သူမ စိတ်အနှောင့်အယှက် ဖြစ်မည်မဟုတ်ပေ။
သူတို့ရဲ့ သားက အရမ်းတွက်ချက်တတ်ပြီး ဒါကို အရင်ကတည်းက တွေးထားတာဖြစ်မည်။ သူငယ်ချင်းအသိုင်းအဝန်းမှာ သူမ မျက်နှာ မပျက်ချင်သရွေ့တော့ သူမကိုယ်သူမ ထိန်းထားရမှာဘဲ။
ကျွမ်းရှန်းက ရေနွေးကြမ်းခွက်ကို ယူလိုက်ပြီး စိတ်အေးလက်အေးနဲ့ ကျွမ်းရိယွင်ကို ကြည့်လိုက်သည်။ ဒါကသူမရဲ့အမှားပင်။ အရင်ကတည်းက သူမရန်ရန်ကို မဖိတ်လိုက်သင့်ပေ။ ရလဒ်အနေနဲ့ သူက အခြေအနေကို ကျွမ်းကျင်စွာ အသုံးချနေပြီး ပိုကိုင်တွယ်ရခက်လာသည်။
"အန်တီ ဒီတစ်လော အလုပ်ရှုပ်နေတာ" သူမက စကတ်ကို ချိန်ညှိလိုက်ပြီးပြောလိုက်သည်။
ရန်ရန်က သူမရဲ့ အေးစက်မှုကို ဂရုစိုက်ပုံမပေါ်ဘဲ ဆိုဖာပေါ် ထိုင်လိုက်သည်။ သူက အမေနဲ့သားကြားက ဆက်ဆံရေးကို မမေးဘဲ သာမာန်လူတွေလိုမျိုးလည်း သူတို့ယောက္ခမအရှေ့မှာ သတိမထားနေပေ။ ကျွမ်းရှန်းက ခေါင်းငုံ့လိုက်ပြီး နှာရှုံ့လိုက်သည်။"သားမက်၊ သူမက ယောက္ခမလား?" လက်ထပ်ပြီစလို့ သူမကို လာမတွေ့တဲ့ သားမက်က လုံးဝမတုန်လှုပ်နေဘဲ သူ့စိတ်အခြေအနေတောင် ကောင်းနေသေးတယ်။
"ဒါဆို အန်တီကျွမ်း အားမယ့်အချိန် စီစဉ်လိုက်မယ်လေ" ရန်ရန်က သူမစကားအနောက်လိုက်ရင်း အကြောင်းအရာပြောင်းလိုက်ပြီး မေးလိုက်သည်။
"အန်တီကျွမ်းက ဘာတစ်ခွန်းမှမပြောဘဲ ဘာလို့ ဒီနေ့ရောက်လာတာလဲ?"
"ဘာလို့လဲ? ရန်ရန်၊ ဘာလို့လဲလို့ မင်းထင်လဲ?" ကျွမ်းရှန်းက ရေနွေးကြမ်းခွက်ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး သူမရဲ့ လှုပ်ရှားမှုတွေက သပ်သပ်ရပ်ရပ်နဲ့ အသံတောင်မထွက်ပေ။
YOU ARE READING
လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)
Romantikတစ်လ ၆ ပိုင်း Name - eng နာမည် တင်ရင် publish မရလို့ပါ Type - Web novel (CN) Genre - Romance Slice of Life Yaoi Tags - Blind Dates Caring Protagonist Charming Protagonist Cohabitation Cold Love Interests College/University Comedic Undertone Complex...