Unicode
လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၆
ရန်ရန်နဲ့ ကျွမ်းရိယွင်ကြားက chat box မှာ အချင်းချင်း သူငယ်ချင်းအပ်တုန်းက system အတိုင်းရှိနေသည်။ [သင် ကျွမ်းရိယွင်ကို အပ်လိုက်ပါပြီ။ ယခု စတင် စကားပြောနိုင်ပါပြီ]
ကျွမ်းရိယွင်ဆီက သတင်းလာတဲ့အခါ ရန်ရန်က ဒီတစ်လော သူအိပ်တာနောက်ကျပြီး ထင်ယောက်ထင်မှားမြင်နေတာလို့ ထင်လိုက်သည်။ သူ WeChat ကနေထွက်ပြီး ထပ်ဝင်လိုက်သည်။ာအဲ့ဒီတော့မှ စာက တကယ်သူ့ဆီကဆိုတာမှန်း သိသွားသည်။
မနက် နှစ်နာရီရှိနေပြီဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မူးပြီး Truth or Dare ကစားနေပုံရသည်။ မမျှော်လင့်ထားစွာနဲ့ အလေးအနက်နဲ့ တည်ငြိမ်တဲ့ ကျွမ်းရိယွင်လည်းဘဲ ဒီလိုကစားတယ်ဆိုတာမြင်တော့ သူ့နှုတ်ခမ်းထောင့်က စနောက်ချင်သလို ကွေးသွားသည်။
ရန်ရန် - ကျွမ်းကောကော ဒီနေ့ပြောတာလား မနက်ဖြန်ပြောတာလား?
ကျွမ်းရိယွင်က သူ့စာကို ဖျက်တော့ခါနီးမှာ မထင်ထားစွာနဲ့ ရန်ရန်က ပြန်ဖြေလာတယ်။ ဝရန်တာက အေးစက်တဲ့လေက အတားအဆီးမရှိ သူ့လည်ပင်းကို ဖြတ်တိုက်လာပြီး စပ်ဖျင်းဖျင်းဖြစ်သလို သိပ်အကြာကြီး မခံစားလိုက်ရပေ။
ကျွမ်းရိယွင် - ဒီနေ့။ မင်းဘာလို့ မအိပ်သေးတာလဲ?ရန်ရန် - ကောကော ကျွန်တော့်ကို မိသွားပြီ။ ကျွန်တော် အရမ်း အလုပ်များနေတာ။ ကျွန်တော့်ရဲ့ ဘွဲ့ယူဖို့ စာတမ်းအဆိုပြုချက်ကို အခုလေးတင် ရေးလို့ပြီးသွားတာ။
ရန်ရန် - [အိပ်ငိုက်နေတဲ့ကြောင် .jpg]
ကျွမ်းရိယွင် - သွားအိပ်တော့။
ရန်ရန် - [အားအပြည့်နဲ့ကြောင်.jpg] ဒါပေမယ့် ကောကောက ကျွန်တော့်ကို အရင်စဆက်သွယ်လာလို့ အရမ်းစိတ်လှုပ်ရှားသွားတယ်။‘တစ်ဖက်လူက စာရိုက်နေပါတယ်…´ ဆိုတဲ့ စာကိုကြည့်ရင်း ရန်ရန်မှာ တစ်ဖက်လူ စာပြန်လာတာကို မစောင့်နိုင်တော့ဘဲ နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။
ရန်ရန် - စတာပါ၊ ကောကောက ဒိတ်ဖို့ပြောတာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အိပ်တော့မယ်နော်၊ ကောင်းသောညပါ ကောကော။
YOU ARE READING
လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် (ဘာသာပြန်)
Romanceတစ်လ ၆ ပိုင်း Name - eng နာမည် တင်ရင် publish မရလို့ပါ Type - Web novel (CN) Genre - Romance Slice of Life Yaoi Tags - Blind Dates Caring Protagonist Charming Protagonist Cohabitation Cold Love Interests College/University Comedic Undertone Complex...