'ငါ့ကိုလွှတ်ပေးကြနော်....ငါ့ကိုလွှတ်ပေးလို့'
ခန်းနားထည်ဝါစွာတည်ရှိနေသောသုံးထပ်တိုက်အိမ်တော်ကြီးမှထွက်ပေါ်လာသော
အသံ အဖြူရောင်ဧည့်ခန်းထဲတွင် အဖြူရောင်ကောင်ငယ်လေးအား တူညီဝတ်စုံများဝတ်ထားသောလူနှစ်ယောက်ကထိုကောင်ငယ်လေး၏လက်မောင်းတစ်ဖက်စီတွင်နေ၍ဖမ်းထားခြင်းဖြစ်သည်။နောက်တွင်လည်းကိုယ်ရံတော်သုံးယောက်ရှိနေကာ ခြံဝန်းထဲတွင်လည်းအခြားကိုယ်ရံတော်မြှောက်များစွာရှိလျက် ....မွန်းကသာအော်ဟစ်နေတာလက်ကနေချုပ်ပြီးဖမ်းလာတဲ့သူတို့ကတော့ အဖက်ပင်မလုပ်ကြတာဝန်အရ သာဖမ်းလာရတဲ့ပုံစံမျိုးတွေ
'မင်းတို့ကဘယ်သူတွေလဲငါ့ကိုဘာလို့ဒီကိုခေါ်လာကြတာလဲ....'
..... (ဖြေသံမလာ..)
ဘာမှပြန်မဖြေကြပဲ မွန်းကိုသာအတင်းဆွဲခေါ်လာကာရွှေရောင်အခန်းကြီးတစ်ခုအရှေ့အရောက်
'ကျွီ...'.
'သခင်ကြီး ဒီမှာရောက်လာပါပြီခင်ဗျ..'.
လူကိုခေါ်လာကတည်းကဘာမှမပြောသောထိုလူနှစ်ယောက်အနက်တစ်ယောက်ဆီမှထွက်လာသောအသံ ..တော်သေးတာပေါ့ 'အ'နေကြတာထင်လို့...
အခန်းကြီးကရွှေရောင်တွေတလက်လက်ထနေကာ ပစွည်း အခန်းအပြင်အဆင်ကအစလူချမ်းသာတွေဆိုတာမှန်းခန့်မှန်းစရာမလိုပေ။ မှန်အကြည်များဖြင့်ကာထားသောအခန်းအပြင်ဘက်ကိုကြည့်နေသော အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် shuitအပြည့်နှင့်လူတစ်ဦးကမွန်းတို့ရှိရာဆီလှည့်ကြည့်ကာ လက်ကနာရီကိုပုံစံပြင်၍ လျှောက်လာသည်။ပြီးနောက်မွန်းရဲ့မေးဖျားလေးကိုအနည်ငယ်မျှ မ ၍ကိုင်ကာ
'အိုးးးးထင်ထားတာထက်လှတာပဲ ဟက်..အဲ့တာကြောင့်မင်းအစ်ကိုကစောက်ရမ်း သည်းသည်းလူပ်နေတာမဆန်းတော့ပါဘူး ....'
'မင်းကဘယ်သူလဲ ဘာလုပ်ဖို့ငါ့ကိုဖမ်းလာရတာလဲ ပြီးတော့ကိုကိုနဲ့ရော ဘယ်လိုပတ်သပ်..'
'အိုးးးကျွတ်ကျွတ် ဖြေးဖြေးမေးလည်းရပါတယ်ဗျာ အလဟက်သပ်အမောခံလို့...'
YOU ARE READING
Man
FanfictionMan မာန်ဂုဏ်ရှိန်🖤 ငါ့အစ်မဘဝကိုဖျတ်ဆီးခဲ့တဲ့ မင်းအစ်ကိုကောမင်းအစ်ကိုသိပ့်ချစ်ရတဲ့မင်းရဲ့ဘဝကိုကော ကျုပ်ကပြန်လက်စားချေပြမယ်.... မွန်းရောင်ဖြာ❤️ ငါ့မင်းကိုအရမ်းမုန်းချင်တယ်ဆိုတာမင်းသိလား.... ဒြာရဲ့ပထမဆုံးficလေးမို့အားပေးကြပါအုန်းရှင့် ficမှာ🌚အမှ...